ရန်နိုင်ဦး(၃၁ မတ်လ ၁၉၉၆ ခုနှစ်ဖွား)သည် မြန်မာနိုင်ငံသား ဘောလုံးသမားတစ်ဦးဖြစ်ပြီး မြန်မာ ယူ-၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ဘောလုံးအသင်းတို့တွင် တောင်ပံနေရာမှ ကစားသော ကစားသမားတစ်ဦးဖြစ်သည်။ ရန်နိုင်ဦးအား မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖွားမြင်ခဲ့သည်။[၁] သူသည် မြန်မာ ယူ-၂၀ အသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် ၂၀၁၅ ခုနှစ် ဖီဖာ ယူ-၂၀ ကမ္ဘာဖလားတွင် ပါဝင်ကစားခဲ့သည်။ သူသည် ၂၀၁၅ ခုနှစ် ဖီဖာ ယူ-၂၀ ကမ္ဘာဖလား၏ ပထမဆုံးအဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သည်။

ရန်နိုင်ဦး
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ရန်နိုင်ဦး
မွေးသက္ကရာဇ် (1996-03-31) ၃၁ မတ်၊ ၁၉၉၆ (အသက် ၂၇)
မွေးရပ်ဇာတိ ရန်ကုန်မြို့မြန်မာနိုင်ငံ
အရပ်အမြင့် ၁.၆၂ m (၅ ft ၄ in)
ကစားသည့်နေရာ အလယ်တန်း
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရှမ်းယူနိုက်တက်
အင်္ကျီနံပါတ် ၁၁
လူငယ်ဘဝကလပ်များ
၂၀၁၃–၁၅ ဇေယျာရွှေမြေ လူငယ်ဘောလုံးအသင်း
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၅ ဇေယျာရွှေမြေ ၁၀ (၂)
၂၀၁၆– ရှမ်းယူနိုက်တက် ၁၁ (၄)
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၄–၂၀၁၅ မြန်မာ ယူ-၁၉ ၁၅ (၁)
၂၀၁၆– မြန်မာ (၀)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး ၉ အောက်တိုဘာ ၂၀၁၆အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ ၂၈ မတ် ၂၀၁၇ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ကလပ်ကစားသမားဘဝ ပြင်ဆင်ရန်

ဇေယျာရွှေမြေ ပြင်ဆင်ရန်

ရန်နိုင်ဦးသည် သူ၏အသက် ၁၇ နှစ်အရွယ်တွင် ဇေယျာရွှေမြေ၏ လူငယ်အသင်းနှင့် ချိတ်ဆက်ခဲ့ပြီး ကလပ်ကစားသမားဘဝသို့ ဝင်ရောက်ခဲ့ပြီး အစမ်းကာလပြီးဆုံးသောအခါ ဇေယျာရွှေမြေအသင်းအတွက် ၁ နှစ်ကစားခဲ့သည်။

ရှမ်းယူနိုက်တက် ပြင်ဆင်ရန်

၂ ရက် မေလ ၂၀၁၆ ခုနှစ်တွင် ရန်နိုင်ဦးသည် မြန်မာနေရှင်နယ်လိဂ်၏ ကလပ်အသင်းကြီးဖြစ်သော ရှမ်းယူနိုက်တက်နှင့် ချိတ်ဆက်ခဲ့ပြီး ပြောင်းရွေ့ကြေးမပါဝင်ပဲ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့သည်။[၂] သူသည် ကလပ်အသင်းအတွက် ပထမဆုံးဂိုးကို ၁၉ ရက် ဇွန်လ၌ ကစားခဲ့သော ရန်ကုန်ယူနိုက်တက်နှင့် အဝေးကွင်းကစားပွဲတွင် သွင်းယူပေးနိုင်ခဲ့သည်။

နိုင်ငံတကာ ကစားသမားဘဝ ပြင်ဆင်ရန်

၁၁ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်တွင် ရန်နိုင်ဦးသည် ဘရူနိုင်းနိုင်ငံ၌ ကျင်းပသော Hassanal Bolkiah Trophy အတွက် ရွေးချယ်သော လူစာရင်းတွင် ပါဝင်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ကစားရာ ဖလားကို ရရှိခဲ့သည်။ ထို့နောက် သူသည် ၂၀၁၅ ခုနှစ် ဖီဖာ ယူ-၂၀ ကမ္ဘာဖလားအတွက် ရွေးချယ်ခဲ့သော မြန်မာ အမျိုးသား အသက် ၂၀ နှစ်အောက် ဘောလုံးအသင်းတွင် ပါဝင်ခဲ့ပြီး ထိုနှစ် လူငယ်ကမ္ဘာဖလားအတွက် ပထမဆုံး အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သည်။[၃]

ဂုဏ်ပြုဆုများ ပြင်ဆင်ရန်

နိုင်ငံတကာ ပြင်ဆင်ရန်

မြန်မာ ယူ-၂၀
  •   Hassanal Bolkiah Trophy: 2014

ကိုးကား ပြင်ဆင်ရန်

  1. Yan Naing Oo Profile (in es)။ FIFA's official profile (1 May 2015)။ 3 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 May 2015 တွင် ပြန်စစ်ပြီး။
  2. Yan Naing Oo (in es)။ FB's official profile (2016)။ 17 August 2016 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. Yan Naing Oo scored 2015 U-20 World Cup Opening Goal (in en)။ FIFA's official profile (1 May 2015)။ 8 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 May 2015 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ ပြင်ဆင်ရန်