ရဟောနိသဇ္ဇသိက္ခာပုဒ်
ရဟောနိသဇ္ဇသိက္ခာပုဒ် နှစ်ပုဒ် ရှိပါသည်။
အမှုသည်—ရှင်ဥဒါယီ။
အမှု—ဘိက္ခုနီနှင့်အတူ လူကွယ်ရာ၌နေမှု။
ရှင်ဥဒါယီနှင့် ဘိက္ခုနီ
ပြင်ဆင်ရန်ရှင်ဥဒါယီ၏ ဇနီးဟောင်းသည် ဘိက္ခုနီလုပ်ပြီးလျှင် ရှင်ဥဒါယီထံ မကြာမကြာလာတတ်၏၊ ရှင်ဥဒါယီလည်း ထိုဘိက္ခုနီထံ သွားတတ်၏၊ အခါတပါး၌ကား သူတို့ ၂-ယောက်သည် အဖေါ်မပါဘဲ (ပြောလိုရာကို လွတ်လွတ်လပ်လပ် ပြောနိုင်ဘို့ရာ အခြားသူတို့ မကြားလောက်အောင် ဝေးသောကြောင့်) “နား၏ ကွယ်ရာ”ဟု ဆိုထိုက်သော အရပ်၌ ထိုင်နေကြလေသည်၊ ထိုအခါ ရဟန်းများ ကဲ့ရဲ့ကြ၍ ဘုရားထံလျှောက်ခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။ [၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။ [၁]
မြန်မာပြန်
ပြင်ဆင်ရန်အကြင် ရဟန်းသည် ရဟန်းမနှင့် တကွ တယောက် ချင်းချင်း နား၏ကွယ်ရာအရပ်၌ ထိုင်နေခြင်းကို ပြုအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။ [၁]
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—အလှူအိမ်ရှင်မနှင့်အတူ ပြောစကားကို သူများမကြားနိုင်သော လူမြင်ကွင်း၌ထိုင်နေမှု။
ရှင်ဥပနန္ဒနှင့် မာတုဂါမ
ပြင်ဆင်ရန်ရှင်ဥပနန္ဒသည်ပင် သူငယ်ချင်းအိမ်သို့ သွား၍ အိမ်ရှင်မနှင့်အတူ တယောက်ချင်း အကွယ်အကာမရှိ၍ ဟာလာ ဟင်းလင်း လူမြင်ကွင်း၌ ထိုင်နေပြန်၏၊ သို့သော် သူတို့ ထိုင်နေရာအရပ်၏ ပတ်ဝန်းကျင်အနီးအပါး၌ ပြောစကားကို ကြားနိုင်သူ မရှိရကား ထိုအရပ်ကို “နားကွယ်ရာအရပ်” ဟုဆိုအပ်၏၊ ထိုသို့ ထိုင်နေပုံကိုလည်း အိမ်ရှင်ယောက်ျားက မကျေနပ်၍ ကဲ့ရဲ့ပြန်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။[၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။ [၁]
မြန်မာပြန်
ပြင်ဆင်ရန်အကြင်ရဟန်းသည် မာတုဂါမနှင့်တကွ တယောက်ချင်း နား၏ ကွယ်ရာ၌ ထိုင်နေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ [၁]
သိက္ခာပုဒ်၂-ပါးအထူး
ပြင်ဆင်ရန်ရှေးသိက္ခာပုဒ်၌ အကွယ်အကာ ရှိသောကြောင့် “ရဟော” အရမျက်စိကွယ်ရာဖြစ်ခြင်း, ယောက်ျားများသာ အဖေါ်ဖြစ်နိုင်ခြင်းနှင့် ဤသိက္ခာပုဒ်၌ အကွယ်အကာ မရှိသောကြောင့် “ရဟော” အရ နားကွယ်ရာဖြစ်ခြင်း, ယောက်ျားမိန်းမ ၂-မျိုးလုံးပင် အဖေါ်ဖြစ်နိုင်ခြင်းသည် သိက္ခာပုဒ် ၂-ပါး၏ ထူးခြားချက်တည်း၊ “နားကွယ်ရာ”အရပ်ကိုလည်း ၁၂-တောင်အတွင်း၌ ကြားမည့်သူ မရှိသောအရပ်ဟု သတ်မှတ်ကြသည်။[၁]