ရာဇသူ (c. ၁၂၆၀ – ၁၀ မေ ၁၂၉၁) သည် နရသီဟပတေ့မင်းနှင့် မိဖုရားခေါင် စောလှဝန်းတို့၏ တစ်ဦးတည်းသော သားတော် ဖြစ်သည်။ ရာဇသူသည် အိမ်ရှေ့မင်းသားအဖြစ် ထီးနန်းဆက်ခံရမည့်သူ ဖြစ်သော်လည်း ရာဇဝင်ကျမ်းများတွင် နရသီပဟတေ့မင်းလက်ထက် အိမ်ရှေ့မင်းသားကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။ အေဒီ ၁၂၈၇ တွင် နရသီဟပတေ့မင်း ကွယ်လွန်သောအခါ ရာဇသူအနေဖြင့် ထီးနန်းဆက်ရခြင်း မရှိဘဲ နရသီဟပတေ့နှင့် အခြားမိဖုရားငယ်တစ်ပါးမှ မွေးဖွားသော ကျော်စွာကို မိဖုရားဖွားစောက အေဒီ ၁၂၈၉ တွင် နန်းတင်ခဲ့သည်။ ၁၂၉၀ တွင် ရေးထိုးခဲ့သော ကျောက်စာမှတ်တမ်းအရ ရာဇသူမင်းသားနှင့် မိခင် မိဖုရားစောတို့ ဘုန်းကြီးကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း တွေ့ရှိရသည်။ ရာဇသူမင်းသားသည် အေဒီ ၁၂၉၁ တွင် ကွယ်လွန်ခဲ့သည်။[၁]

ရာဇသူ
မင်းသား
နန်းသက်c. ၁၂၆၀–၁၂၉၁
မွေးဖွားc. ၁၂၆၀
ပုဂံ
ကွယ်လွန်၁၀ မေ ၁၂၉၁
မြန်မာသက္ကရာဇ် ၆၅၃၊ နယုန်လဆန်း ၁၁ ရက်၊ ကြာသပတေး
ပုဂံ
စံအိမ်ပုဂံ
ခမည်းတော်နရသီဟပတေ့
မယ်တော်စောလှဝန်း
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ကိုးကား ပြင်ဆင်ရန်

  1. Ba Shin 1982: 38–39

ကျမ်းပြုစာရင်း ပြင်ဆင်ရန်

ရာဇသူ
မွေးဖွား c. ၁၂၆၀ ကွယ်လွန် ၁၀ မေ ၁၂၉၁
Royal titles
ယခင်က
မင်းသား
c. ၁၂၆၀ – ၁၂၉၁
ဆက်ခံသူ