ရာအဒူဝါ၊ အူမာရူ
နိုင်ဂျီးရီးယားသမ္မတဟောင်း အူမာရူရာအဒူဝါကို ၁၉၅၁ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် နိုင်ဂျီးရီးယားနိုင်ငံ ကက်ဆီနာပြည်နယ်၌ မွေးဖွားသည်။ ရာအဒူဝါသည်ဇာရီ ယာမြို့ရှိ ဝိဇ္ဇာသိပ္ပံနှင့် နည်းပညာကောလိပ်တွင် နည်းပြဆရာအဖြစ် ၁၉၈၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းတွင် People’s Redemption Party နှင့်Social Democratic Party တို့တွင် အဖွဲ့ဝင်အဖြစ် နိုင်ငံရေးလုပ်ငန်းများ လုပ်ကိုင် သည်။ ၁၉၉၉ ခုနှစ်တွင် ပြည် နယ် အု ပ် ချုပ်ရေးမှူးရွေးကောက်ပွဲ၌ ရွေးချယ်ခံခဲ့ရပြီး ကက်ဆီနာပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ထမ်းဆောင်ခဲ့ သည်။ ၂၀၀၇ ခုနှစ် ဧပြီလ ၂၁ ရက်တွင် ကျင်းပသော သမ္မတရွေးကောက်ပွဲတွင် အာဏာရပြည်သူ့ဒီမိုကရက် တစ်ပါတီ (People Democratic Party)၏ ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ မဲအရေအတွက် ၂၄ဒသမ ၆ သန်းဖြင့် သမ္မတအဖြစ် ရွေးကောက်ခြင်း ခံရသည်။ ရွေးကောက်ပွဲသည် အငြင်းပွားဖွယ်ရာပြဿနာ များဖြင့် ရင်ဆိုင်ခဲ့ရပြီး လေ့လာသူများ၏ေဝဖန်မှုများကို အပြင်းထန်ဆုံးခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် ဇွန်လတွင် ရာအဒူဝါသည်၎င်း၏ပိုင်ဆိုင်မှုများကို တရားဝင်ကြေ ညာခဲ့သည်။ ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ဝန်ကြီး ၃၉ ဦး ပါဝင်သော ရာအဒူရာ၏ အစိုးရအဖွဲ့စတင် တာဝန် ထမ်းဆောင်သည်။ နိုင်ဂျီးရီးယားနိုင်ငံ၏ ၁၃ ယောက် မြောက် သမ္မတဖြစ် သူ အူမာရူရာအဒူဝါသည် ၂၀၁၀ပြည့် နှစ် မေလ ၅ ရက်နေ့တွင် နိုင်ဂျီးရီးယား နိုင်ငံအဘူဂျာမြို့ ရှိအေဆိုရော့စ် သမ္မတအိမ်တော်၌ နှလုံးရောဂါဖြင့် ကွယ်လွန်သည်။[၁]
Excellency Umaru Musa Yar'Adua | |
---|---|
Yar'Adua in 2007. | |
4th President of Nigeria | |
တာဝန်သက်တမ်း 29 May 2007 – 5 May 2010 | |
ဒုတိယ သမ္မတ | Goodluck Jonathan |
ယခင်လူ | Olusegun Obasanjo |
ဆက်ခံသူ | Goodluck Jonathan |
Governor of Katsina | |
တာဝန်သက်တမ်း 29 May 1999 – 29 May 2007 | |
ယခင်လူ | Joseph Akaagerger (military administrator) |
ဆက်ခံသူ | Ibrahim Shema |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Katsina]], Nigeria | ၁၆ ဩဂုတ်၊ ၁၉၅၁
ကွယ်လွန် | ၅ မေ၊ ၂၀၁၀ Nigerian Presidential Complex, Abuja, Nigeria | (အသက် ၅၈)
လူမျိုး | နိုင်ဂျီးရီးယား |
နိုင်ငံရေးပါတီ | People's Democratic Party (Nigeria) (1998–2010) |
အခြား နိုင်ငံရေးလွှမ်းမိုးမှု |
|
ကြင်ဖော်(များ) |
|
သားသမီး | Nine |
မိခင်ကျောင်း |
|
ကိုးကွယ်သည့်ဘာသာ | အမ်စလမ်ဘာသာ |
ကိုးကား
ပြင်ဆင်ရန်- ↑ စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)