ရိယောဇန်းဗောဓိသတ္တရုပ်ပွားတော်

ရိယောဇန်းဗောဓိသတ္တရုပ်ပွားတော် သည် တိုကျိုမြို့အရှေ့ပိုင်းတွင် တည်ရှိပြီး ပစိဖိတ်စစ်ပွဲတွင် ဆုံးပါးခဲ့ရသူများအတွက် ရည်စူးကာ အမှတ်တရပြုလုပ်ထားသည့် ဘုရားဖြစ်သည်။ ကွန်ကရစ်နှင့် စတီးဖြင့် ထုလုပ်ထားသည့် ရုပ်ပွားတော်သည် ဗောဓိသတ္တ Avalokiteśvara ၏ ရုပ်ပွားတော်ဖြစ်သည်။ ၎င်းကို Teisan Kanko Bus Co.,Ltd ၏ တည်ထောင်သူဖြစ်သည့် ဟိရိုဆုခဲ အိရှိခဝ က ဆောက်လုပ်ခဲ့သည်။ ၎င်းကို ၁၉၅၅ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ရုပ်ပွားတော်သည် ၂၄ မီတာ (၈၀ ပေ) မြင့်ပြီး အလေးချိန်သည် တန် ၅၀၀ ခန့် ရှိသည်။

Concrete statue of the Bodhisattva Avalokiteśvara.
Memorial to the Unknown Soldier of World War II.

ရုပ်ပွားတော်၏ အောက်ခြေတွင် ဗောဓိသတ္တတစ်ပါးဖြစ်သည့် Ekādaśamukha ၏ ရုပ်ပုံတော်တစ်ခု၊ မိုးကြိုးနှင့် လေ နတ်ဘုရားတို့၏ ရုပ်ပုံများ ပါဝင်ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းသေဆုံးခဲ့ရသည့် ဂျပန်လူမျိုး ၂ သန်း၏ အမှတ်တရကျောက်ပြားများလည်း တည်ရှိသည်။ တစ်ရက်လျှင်လေးကြိမ်ကျ ၎င်းတို့အတွက် အမှတ်တရအောက်မေ့ဖွယ်များ ပြုလုပ်ကြသည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်အတွင်း၌ သေဆုံးခဲ့ရသည့် အမည်မသိရှိရသည့် စစ်သားများအတွက် အမှတ်တရခန်းမတွင် အောက်မေ့ဖွယ်ရာနေရာတစ်ခုလည်း တည်ရှိသည်။

ရုပ်ပုံများ ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုဩဒိနိတ်: 35°00′00″N 135°46′55″E / 34.999943°N 135.781861°E / 34.999943; 135.781861

ကိုးကား ပြင်ဆင်ရန်