မြစေတီကျောက်စာသည် မြန်မာနိုင်ငံသမိုင်းအတွက် အရေးပါသကဲ့သို့ ရိုဇက်တာကျောက်စာသည်လည်း အီဂျစ်နိုင်ငံ သမိုင်းအတွက် အရေးပါလေသည်။ ထိုကျောက်စာကို လေ့လာ ခြင်းအားဖြင့် ဟိုင်ယာရိုဂလစ်ဖစ်ခေါ် ရုပ်ပုံစာနှင့် ရေးသား သော ရှေးဟောင်းအီဂျစ် စာပေများကို ဖတ်ရှုနိုင်ကြသည်။ ထိုကြောင့်ပင် ရှေးအီဂျစ်စာပေများကို ဖတ်ရှုနိုင်ကြသည်။ ထိုကြောင့်ပင် ရှေးအီဂျစ်နိုင်ငံနှင့် အီဂျစ် လူမျိုးတို့၏ အနေ အထိုင်၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုကို သိရှိနိုင်လေသည်။ သို့ဖြင့် ရိုဇက်တာကျောက်စာသည် အီဂျစ်နိုင်ငံသမိုင်းအတွက် များစွာ အရေးပါခဲ့ခြင်း ဖြစ်သည်။

"A large dark grey-coloured slab of stone with text that uses Ancient Egyptian hieroglyphs, demotic and Greek script in three separate horizontal registers"
ဗြိတိသျှ ပြတိုက်တွင် ရှိသော ရိုဇက်တာ ကျောက်စာ

ရိုဇက်တာကျောက်စာဟု ခေါ်တွင်ရခြင်းမှာ အီဂျစ်နိုင်ငံ၊ နိုင်းမြစ်ဝကျွန်းပေါ်ဒေသ၌ ရိုဇက်တာအမည်ရှိသော ရှေးဟောင်း မြို့အနီးမှ ရရှိသော ချော်နက်ကျောက်တုံးပေါ်တွင် ရေးသား ထားခြင်းကြောင့် ဖြစ်သည်။ မြ စေတီကျောက်စာတွင် ဘာသာ စကားလေးမျိုးဖြင့် ရေးထိုးထားသကဲ့သို့ ထိုကျောက်တုံး၌ ဟိုင်ယာရိုဂလစ်ဖစ် ရေးနည်းဖြင့်၎င်း၊ ဂရိဘာသာဖြင့်၎င်း ရေးထိုးထားလေသည်။ ဂရိဘာသာကိုမူ လွယ်ကူစွာ ဘာသာပြန် ဆိုနိုင်ကြသဖြင့် ထိုကျောက်စာ၏ အဓိပ္ပာယ်ကို သိရှိခဲ့ကြ သည်။ ထိုမှတစ်ဖန် ဒီမိုတစ်ဘာသာနှင့်ရေးသည့် စကားလုံး အချို့ကိုလည်း အနက် ဖော်နိုင်ခဲ့ကြသည်။

အီဂျစ်ရှေးဟောင်း အဆောက်အအုံများတွင် ဟိုင်ယာရှိ ဂလစ်ဖစ်ရေးနည်းဖြင့် အရေးအသားပေါများခဲ့သော်လည်း လက်ဦးတွင် ထိုရုပ်ပုံစာလုံးများ၏ အဓိပ္ပာယ်ကို မဖော်နိုင်ကြ ချေ။ ရိုဇက်တာကျောက်စာတွင် အကြောင်းရပ်တစ်ခုတည်းကို ဘာသာစကားသုံးမျိုးဖြင့် ရေးထိုးထားရာ ဘာသန္တရ တတ်ကျွမ်း သူများအဖို့ ရုပ်ပုံစာလုံးတို့၏အနက်ကို ကြံဆဖော်ထုတ်ရာ၌ ထိုကျောက်စာမှ အထောက်အပံ့များစွာ ရရှိပေသည်။ ထို ကျောက်စာမှ ရုပ်ပုံစာလုံးတို့ကိုလည်း ဖတ်နိုင်တော့မည်သာ ဖြစ်၏။

တစ်ဆဲ့ကိုးရာစုနှစ်လောက်တွင် တောမတ်ယန်းဆိုသူ အင်္ဂလိပ်လူမျိုး စာပေပညာရှင်တစ်ဦးက တော်လမီဟူသော စကားလုံးကို ထိုရုပ်ပုံစာထဲမှ ဖော်ထုတ်နိုင်ခဲ့သည်။

သို့ရာတွင် ကျောက်စာတစ်ပိုဒ်လုံးကို အနက်ဖော် နိုင်သူမှာ ပြင်သစ်လူမျိုး စာပေပညာရှင် ဇန်းဖရန်ဆွာ ရှမ်ပိုးလီ ယွန် ဆိုသူ ဖြစ်ပေသည်။ ထိုကျောက်စာမှာ အီဂျစ်ဘုရင် တော်လမီလက်ထက် ဘီစီ ၁၉၆ ခုနှစ်က မော်ကွန်းတင်ခဲ့သည့် အယူဝါဒဆိုင်ရာ အမိန့်ပြန်တမ်း ဖြစ်သည်။

ထို ရိုဇက်တာကျောက်စာ ထွင်းထုထားသည့် ကျောက်တုံး သည် အလျား သုံးပေကိုးလက်မ၊ အနံ နှစ်ပေ လေးလက်မခွဲ၊ ထု ၁၁ လက်မရှိ၍ အထက်ပိုင်းနှင့် ယာဘက်ထောင့်စွန်းမှာ ပျောက်ဆုံးလျက်ရှိ၏။ ၁၇၉၉ ခုနှစ်တွင် နပိုလီယန်သည် အီဂျစ်နိုင်ငံကို သိမ်းပိုက်စဉ် ပြင်သစ်စစ်ဗိုလ်တစ်ဦးက ထို ကျောက်တုံးကို တွေ့ရှိခဲ့ လေသည်။ ထိုနောက် ၁၈ဝ၁ ခုနှစ် တွင် အင်္ဂလိပ်တို့က အလက်ဇန္ဒရီးယားမြို့ ကို သိမ်းပိုက်မိ သောအခါ ထိုကျောက်တုံးကို အင်္ဂလန်ပြည်သို့ ယူဆောင်ခဲ့၍ ဗြိတိသျှပြတိုက်တွင် ထားရှိလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)