ရိုမန်ကတ်သလစ် ခရစ်ယာန်အသင်းတော် ဂိုဏ်းအုပ်ကျောင်း ရန်ကုန်

ရန်ကုန် ရိုမန်ကက်သလစ် မက်ထရိုပိုလီတန် (အင်္ဂလိပ်: Roman Catholic Archdiocese of Yangon; လက်တင်: Archidioecesis Yangonensis) သည် ခရစ်တော်သာသနာ့နယ်မြေ သို့မဟုတ် မြန်မာနိုင်ငံရှိ ရိုမန်ကတ်သလစ် ခရစ်ယာန် အသင်းတော်ဂိုဏ်းအုပ် ဘုန်းတော်ကြီးကျောင်း ဖြစ်သည်။ ၂၀၀၃ မေလ ၂၄ ရက်တွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်က ချားလ်စ်ဘိုကို ရန်ကုန် အာချီဘစ်ရှော့ပ်အဖြစ် ခန့်အပ်သည်။

Archdiocese of ရန်ကုန်
Archidioecesis Yangonensis
တည်နေရာ
နိုင်ငံမြန်မာ
Ecclesiastical provinceရန်ကုန်
စာရင်းအင်း
ဧရိယာ၆၈,၀၀၀ km2 (၂၆,၀၀၀ sq mi)
လူဦးရေ
- စုစုပေါင်း
- Catholics
(as of ၂၀၁၀)
၁၄၀၅၀၀၀၀
၇၆၂၈၃ (၀.၅%)
အချက်အလက်
RiteLatin Rite
CathedralCathedral of the Immaculate Conception in Yangon
လက်ရှိ ဦးဆောင်မှု
ပုပ်တမ်းပလိတ်:Incumbent pope
Metropolitan Archbishopချားလ်စ်မောင်ဘို
SuffragansDiocese of Hpa-an
Diocese of Mawlamyine
Diocese of Pathein
Diocese of Pyay
Auxiliary Bishopsဂျွန်စောယောဟန်

သမိုင်းကြောင်း ပြင်ဆင်ရန်

အသင်းတော်ဂိုဏ်းအုပ်ကျောင်းကို ၁၈၆၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ပီးယပ်စ် ကိုးက မြန်မာပြည် အနောက်တောင်ဒေသဆိုင်ရာ Apostolic Vicariate အဖြစ်စတင်တည်ထောင်ပြီး ၁၈၇၀ ဇူလိုင် ၁၉ တွင် မြန်မာပြည်တောင်ပိုင်းဆိုင်ရာ Apostolic Vicariate အဖြစ်လည်းကောင်း၊ ထို့နောက် ၁၉၅၃ ခုနှစ် မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ Apostolic Vicariate အဖြစ်လည်းကောင်း အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။

၁၉၅၅ ဇန်နဝါရီ ၁ ရက်နေ့တွင် ပုပ်ရဟန်းမင်း ပီးယပ်စ် ဆယ့်နှစ်က မက်ထရိုပိုလီတန် ခရစ်ယာန်အသင်းတော် ဂိုဏ်းအုပ်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး မော်လမြိုင်ပုသိမ်ပြည် နှင့် ဖားအံကိုပါ တွဲဘက်အုပ်ချုပ် စေသည်။ ၁၉၉၁ အောက်တိုဘာ ၈ တွင် ပုပ်ရဟန်းမင်း ဂျွန်ပေါလ်က ရန်ကုန် ခရစ်ယာန်အသင်းတော် ဂိုဏ်းအုပ်ကျောင်းအဖြစ် အမည်ပြောင်းလဲမှည့်ခေါ်ခဲ့သည်။

တာဝန်ထမ်းဆောင်သူ စတင် ပြီးဆုံး မှတ်ချက်
Paul Ambroise Bigandet MEP ၁၂ ဩဂုတ် ၁၈၇၀ ၁၃ မတ် ၁၈၉၄ ကွယ်လွန်
Alexandre Cardot MEP ၁၉ မတ် ၁၈၉၄ ၁၈ အောက်တိုဘာ ၁၉၂၅ ကွယ်လွန်
Félix-Donatien Perroy MEP ၁၈ အောက်တိုဘာ ၁၉၂၅ ၁၀ ဧပြီ ၁၉၃၁ ကွယ်လွန်
Frédéric-Marie Provost MEP ၁၀ ဧပြီ ၁၉၃၁ ၂၇ စက်တင်ဘာ ၁၉၅၂ ကွယ်လွန်
Victor Bazin MEP ၇ မေ ၁၉၅၃ ၁၉ ဇွန် ၁၉၇၁ နုတ်ထွက်
Gabriel Thohey Mahn-Gaby ၁၉ ဇွန် ၁၉၇၁ ၃၀ စက်တင်ဘာ ၂၀၀၂ အနားယူ
ချားလ်စ်မောင်ဘို SDB ၂၂ နိုဝင်ဘာ ၂၀၀၃

စာရင်းအင်း အချက်အလက် ပြင်ဆင်ရန်

၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဘုန်းတော်ကြီး ၈၃ ပါးနှင့် ဘာသာဝင် ၃၁၂ ဦးရှိသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. Vatican Information Service July 17, 2007