ရိုဝန်း

တောင်ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်နှင့် အဆိုတော်

ဂင်ဆော့ဝူ (ဩဂုတ် ၇၊ ၁၉၉၆ မွေးဖွား) သည် တောင်ကိုရီးယားနိုင်ငံမှ အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ရိုဝန်းဟု လူသိများသည်။ ၎င်းသည် K-pop အမျိုးသားအဖွဲ့ SF9 ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူ၏ ပထမဆုံးဇာတ်ဆောင်နေရာ၌ ပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်လမ်းတွဲမှာ ၂၀၁၉ ခုနှစ် MBC ရုပ်သံလိုင်း၏ Extraordinary You ဇာတ်လမ်းတွဲဖြစ်သည်။

ရိုဝန်း
၂၀၁၈ ခုနှစ်အတွင်း၌ တွေ့ရသော ရိုဝန်း
ဇာတိ အမည်로운
မွေးဖွားဂင်ဆော့ဝူ
(1996-08-07) ဩဂုတ် ၇၊ ၁၉၉၆ (အသက် ၂၇)
ဆိုးလ်တောင်ကိုရီးယား
အလုပ်အကိုင်
  • သရုပ်ဆောင်
  • အဆိုတော်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၆–လက်ရှိ
ကိုယ်စားလှယ်FNC Entertainment
ဂီတခရီးလမ်း
တက်ကြွသည့်နှစ်များ၂၀၁၆–လက်ရှိ
တေးသံသွင်း ကုမ္ပဏီFNC Entertainment
ပူးတွဲ ပါဝင်မှုSF9
ရိုဝန်း
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်로운
RRအက္ခရာဖလှယ်ခြင်း:Roun
MRအက္ခရာဖလှယ်ခြင်း:Roun

အသက်မွေးဝမ်းကျောင်း ပြင်ဆင်ရန်

၂၀၁၃-၂၀၁၄: အကြိုပွဲဦးထွက်ခြင်း ပြင်ဆင်ရန်

ရိုဝန်းသည် FNC Entertainment ၏ Cheongdam-dong 111 အမည်ရှိ Reality Show တွင် အလုပ်သင်အဖြစ် ပါဝင်ခဲ့သည်။

၂၀၁၅-၂၀၁၆: SF9 အဖွဲ့ဖြင့် ပွဲဦးထွက်ခြင်း ပြင်ဆင်ရန်

၂၀၁၅ ခုနှစ်တွင် ၎င်းသည် FNC Entertainment လက်အောက်ရှိ NEOZ အမည်ရှိအဖွဲ့၌ အကြိုပွဲဦးထွက်အဖွဲ့ Neoz School တွင် ပါဝင်လှုပ်ရှားခဲ့သည်။ မေ ၂၀၁၆ ခုနှစ်တွင် ရိုဝန်းသည် FNC Entertainment ၏ Survival Show ဖြစ်သည့် d.o.b (Dance or Band) ၌ NEOZ Dance အဖွဲ့၏ အဖွဲ့ဝင်အဖြစ် ပါဝင်ကာ NEOZ Band (နောက်ပိုင်းတွင် Honeyst အဖြစ် အမည်ပြောင်းခဲ့သည်) အဖွဲ့နှင့် ယှဉ်ပြိုင်ကစားခဲ့သည်။ ထိုပွဲတွင် NEOZ Dance သည် အနိုင်ရရှိကာ ပွဲဦးထွက်ခွင့်ရရှိခဲ့သည်။ သူသည် အောက်တိုဘာ ၂၀၁၆ ခုနှစ်တွင် SF9 အဖွဲ့နှင့်အတူ Fanfare အမည်ရှိ စင်ဂယ်လ်သီချင်းဖြင့် ပွဲဦးထွက်ခဲ့သည်။

၂၀၁၇-လက်ရှိ: တစ်ကိုယ်တော်လှုပ်ရှားမှုများ၊ လူသိများထင်ရှားလာခြင်း ပြင်ဆင်ရန်

ရိုဝန်း၏ သရုပ်ဆောင်ခြင်းအသက်မွေးဝမ်းကျောင်းသည် KBS2 ရုပ်သံလိုင်း၏ ကျောင်း ၂၀၁၇ ဇာတ်လမ်းတွဲဖြင့် စတင်ခဲ့သည်။ ထိုဇာတ်လမ်းတွဲတွင် သူသည် အသေးစားပါဝင်သရုပ်ဆောင်ခဲ့သည်။[၁] ထိုသရုပ်ဆောင်မှု ပြီးသည့်နောက်တွင် ၎င်းသည် အဓိကအခန်းကဏ္ဍများ၌ ပါဝင်ရန် ကမ်းလှမ်းမှုများခံခဲ့ရသည်။ ၂၀၁၈ ခုနှစ်တွင် tvN ၏ About Time ဇာတ်လမ်းတွဲတွင် အမျိုးသမီဇာတ်ဆောင်၏ အစ်ကိုဖြစ်သူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုနှစ်ထဲတွင်ပင် ရိုဝန်းသည် SBS ရုပ်သံလိုင်း၏ Where Stars Land ၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်လမ်းတွဲဖြင့် New Actor award ဆန်ကာတင်စာရင်း ဝင်ခဲ့သည်။[၂][၃]

မေ ၁၀၊ ၂၀၁၉ ခုနှစ်တွင် ရိုဝန်းသည် NC.A ၏ "밤바람" (Awesome Breeze) အမည်ရှိ သီချင်းဗီဒီယိုတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၄] သူသည် MBC ၏ Extraordinary You အမည်ရှိ ကျောင်းစိတ်ကူးယဉ်ဒရာမာတွင် အမျိုးသားဇာတ်ဆောင်အဖြစ် ပထမဆုံးအကြိမ်ပါဝင်သရုပ်ဆောင်ခဲ့သည်။[၅]

Filmography ပြင်ဆင်ရန်

ရုပ်ရှင်များ ပြင်ဆင်ရန်

နှစ် ခေါင်းစဉ် ဇာတ်ကောင် မှတ်ချက် ကိုးကား
၂၀၂၀ Trolls World Tour Branch Voice-over for the Korean-dubbed version [၆]

ရုပ်သံဇာတ်လမ်းတွဲများ ပြင်ဆင်ရန်

နှစ် ခေါင်းစဉ် ဇာတ်ကောင် ကွန်ယက်
၂၀၁၆ Click Your Heart ရိုဝန်း MBC Every 1
၂၀၁၇ School 2017 ဂန်ဟွန်းအီလ်/ အစ်ရှူး KBS2
၂၀၁၈ About Time ချွဲဝီဂျင်း tvN
Where Stars Land ဂိုအန်းဆု SBS
၂၀၁၉ Extraordinary You ဟာရူ MBC
၂၀၂၀ Find Me in Your Memory ဂျူယိုမင် (အသေးစားပါဝင်မှု၊ အပိုင်း ၁)

Reality shows ပြင်ဆင်ရန်

နှစ် ခေါင်းစဉ် ကွန်ယက် မှတ်ချက်
၂၀၁၃-၂၀၁၄ Cheongdam-dong 111 tvN အလုပ်သင် အဖြစ်
၂၀၁၆ d.o.b : Dance or Band Mnet
၂၀၁၈ Law of the Jungle in Patagonia SBS အပိုင်း ၃၀၅-၃၁၀
၂၀၁၈ King of Mask Singer MBC အပိုင်း ၁၆၃
၂၀၁၈ Weekend Playlist tvN အပိုင်း ၁၁-၁၃
၂၀၁၉ Battle Trip KBS2 အပိုင်း ၁၂၇-၁၃၀

Variety shows ပြင်ဆင်ရန်

နှစ် ခေါင်းစဉ် ကွန်ယက် မှတ်ချက်
၂၀၁၆ Lipstick Prince OnStyle
၂၀၁၈ Cafe Amor[၇] tvN

ဆုများနှင့် ဆန်ကာတင်များ ပြင်ဆင်ရန်

နှစ် ဆု အမျိုးအစား Nominated work ရလဒ် ကိုးကား
၂၀၁၈ 2018 SBS Drama Awards Best New Actor Where Stars Land ဆန်ခါတင်
၂၀၁၉ 32nd Grimae Awards Extraordinary You ဆုရရှိ [၈]
18th Korea First Brand Awards Male Idol-Actor Award N/A ဆုရရှိ [၉]
2019 MBC Drama Awards Best New Actor Extraordinary You ဆုရရှိ [၁၀]
Best Couple Award ဂင်ဟီးယွန်း၊ လီဂျယ်ဝတ်နှင့်အတူ ဆန်ခါတင်

ကိုးကား ပြင်ဆင်ရန်

  1. SF9's Rowoon to join the cast of School 2017
  2. SF9's Rowoon reportedly cast as Lee Sung Kyung's younger brother in new tvN drama
  3. SF9's Rowoon cast in SBS drama Fox Bride Star alongside Lee Jae Hoon & Chae Soo Bin
  4. NC.A music video
  5. 김혜윤·SF9 로운·이재욱, ‘어쩌다 발견한 하루’ 출연확정…9월 첫방(공식입장) (in ko) (June 10, 2019)။
  6. 레드벨벳 웬디XSF9 로운, '트롤: 월드 투어' 국내 더빙 캐스팅..4월29일 개봉
  7. Finding love at ‘Cafe Amor’
  8. You must specify title = and url = when using {{cite web}}.Kim၊ Eun-gu (3 December 2019)။ (in ko)။ E Daily။ 18 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 3, 2019 တွင် ပြန်စစ်ပြီး။
  9. "영상M 오마이걸, 2020년 기대되는 '여자아이돌'" (in ko)၊ December 17, 2019။ December 20, 2019 တွင် ပြန်စစ်ပြီး 
  10. You must specify title = and url = when using {{cite web}}.Kim၊ Hyun-jung (30 December 2019)။ (in ko)။ Xports News

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်