ရီပစ်ဂမ်း (Rivet Gun)သည် သံထည်၊ အလူမီနီယမ်တို့ကို တစ်ခုနှင့်တစ်ခု တွဲရာ ရီပစ်ထည့်ကာ ဆွဲညှစ်ရိုက်ရသော အလူမီနီယံလုပ်ငန်းသုံး ကိရိယာဖြစ်သည်။ ယခင်က တံတားများတည်ဆောက်ရာတွင် တံတားသံပေါင်များ၏ ဆွဲအားကျုံ့အားများကို ကာကွယ်နိုင်ရန်အတွက်လည်း ရီပစ်ဖြင့် ရိုက်ထည့်တည်ဆောက်ခဲ့သည်။