ရုခိုခုတက္ကသိုလ် (龍谷大学, Ryūkoku Daigaku) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် ပုဂ္ဂလိကတက္ကသိုလ်တစ်ခု ဖြစ်သည်။

ရုခိုခုတက္ကသိုလ်
龍谷大学
Omiya Campus in January 2017
ဆောင်ပုဒ်You, Unlimited[၁]
အမျိုးအစားPrivate
တည်ထောင်1639[၂]
ဥက္ကဋ္ဌTakashi Irisawa[၃]
သင်တန်းသား21,358[၄]
ဘွဲ့ကြိုဦးရေ20,754[၅]
ဘွဲ့လွန်ဦးရေ604[၆]
တည်နေရာKyoto and Otsu,Shiga, Japan
ပရဝုဏ်Urban
ဝဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ်
ဖုခခုဆကျောင်းဝန်း
ဂျုရှင်းခန်းရှိ ဆဲတကျောင်းဝန်း

ဤတက္ကသိုလ်ကို ၁၆၃၉ ခုနှစ်တွင် ဗုဒ္ဓဘာသာရဟန်းတော်များအတွက် ပညာသင်ကြားရာကျောင်းတစ်ခုအဖြစ် နိရှိဟွန်းဂန်းဂျိတွင် တည်ထောင်ခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် လောကီဆိုင်ရာပညာရပ်များကို သင်ကြားသည့် တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့သည်။[၇] ၁၈၈၇ ခုနှစ်တွင် တက္ကသိုလ်ရှိ ပါမောက္ခများနှင့် ကျောင်းသားများသည် စာပေဆိုင်ရာမဂ္ဂဇင်းတစ်ခုဖြစ်သည့် ချူးအိုးခိုးရွန် ကို တည်ထောင်ခဲ့ကြသည်။ ဤတက္ကသိုလ်သည် ကျောင်းဝန်းသုံးခုရှိပြီး ဖုခခုဆ၊ ကျိုတိုမြို့ရှိ အိုးမိယနှင့် ရှိဂခရိုင်ရှိ ဆဲတတို့တွင် တည်ရှိသည်။[၈] ကျောင်းဝင်းများသည် ဆေးလိပ်ကင်းစင်မြေများ ဖြစ်ကြသည်။ [၉]ဤတက္ကသိုလ်သည် ခန်းဆိုင်းဒေသရှိ တစိတစ်ပိုင်းအဓိကကျသည့်ပုဂ္ဂလိကတက္ကသိုလ်များအုပ်စု "San-Kin-Ko-Ryu"(産近甲龍), တွင် ပါဝင်သည်။[၁၀]

မဟာဌာနများ

ပြင်ဆင်ရန်

ကောလိပ်သင်တန်းများ[၁၁]

  • စာပေဌာန
  • စီးပွားရေးဌာန
  • စီးပွားစီမံဌာန
  • ဥပဒေဌာန
  • နိုင်ငံတကာလေ့လာရေးဌာန
  • အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဌာန
  • လူမှုရေးသိပ္ပံပညာဌာန
  • မူဝါဒရေးရာလေ့လာမှုဌာန
  • စိုက်ပျိုးရေးဌာန
  • စိတ်ပညာဌာန

ဘွဲ့လွန်သင်တန်းများ

  • စာပေဌာန
  • စီးပွားရေးဌာန
  • စီးပွားစီမံဌာန
  • ဥပဒေဌာန
  • မူဝါဒသိပ္ပံဌာန
  • နိုင်ငံတကာလေ့လာရေးဌာန
  • အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဌာန
  • လူမှုရေးသိပ္ပံပညာဌာန
  • လက်တွေ့ရှင်းဗုဒ္ဓဘာသာလေ့လာရေးဌာန
  • စိုက်ပျိုးရေးဌာန

ထင်ရှားသည့် ကျောင်းသားဟောင်းများ

ပြင်ဆင်ရန်
  • ယုဂျိဖုအိ - ဂျပန်ဗဟိုအစိုးရ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
  • အယနိုဆွတ်ဂျိ - အဆိုတော်နှင့် တေးရေးဆရာ
  • တခမရိုရှိဂရခိ - ဗုဒ္ဓဘာသာဆိုင်ရာပညာရှင်၊ နောက်ပိုင်းတွင် တက္ကသိုလ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ပြင်ပလင့်များ

ပြင်ဆင်ရန်

ကိုဩဒိနိတ်: 34°57′50″N 135°46′0″E / 34.96389°N 135.76667°E / 34.96389; 135.76667

  1. 龍谷大学။ 2023-09-08 တွင် ပြန်စစ်ပြီး။
  2. [ https://www.ryukoku.ac.jp/about/outline/history.html 龍谷大学の歴史]။ 2023-09-08 တွင် ပြန်စစ်ပြီး။
  3. President’s Message။ 2023-09-08 တွင် ပြန်စစ်ပြီး။
  4. 学生数・入学定員・入学者数・収容定員等။ 2023-09-08 တွင် ပြန်စစ်ပြီး။
  5. 学生数・入学定員・入学者数・収容定員等။ 2023-09-08 တွင် ပြန်စစ်ပြီး။
  6. 学生数・入学定員・入学者数・収容定員等။ 2023-09-08 တွင် ပြန်စစ်ပြီး။
  7. [ https://www.ryukoku.ac.jp/about/outline/history.html 龍谷大学の歴史]။ 2023-09-08 တွင် ပြန်စစ်ပြီး။
  8. Location & Access။ 2023-09-08 တွင် ပြန်စစ်ပြီး။
  9. Ryūkoku University Mission Statement ryukoku.ac.jp
  10. 難関私大に下克上なるか? 日東駒専・産近甲龍を大解剖။ 2023-09-08 တွင် ပြန်စစ်ပြီး။
  11. Faculties။ 2023-09-08 တွင် ပြန်စစ်ပြီး။