ရုံပိုင် (အင်္ဂလိပ်: Station Master) ဆိုသည်မှာ ရထားသွားလာပို့ဆောင်ရေးလုပ်ငန်းများကို ဘူတာနယ်နိမိတ်အတွင်း သတ်မှတ်အချိန်ကာလတွင် တာဝန်ယူဆောင်ရွက်ရသော ဝန်ထမ်းကို ဆိုလိုခြင်းဖြစ်သည့်အပြင် တာဝန်ပေးအပ်သည့် အချိန်ကာလအတွင်း တစ်ဦးတည်းလွတ်လပ်စွာတာဝန်ခံ၍ အချက်ပြနှင့် အချက်ပေးကိရိယာများကို တာဝန်ယူလုပ်ကိုင်ရခြင်း၊ ရထားချဉ်းကပ်ခွင့်ကို လက်ခံခြင်း၊ တောင်းခံခြင်းနှင့် ထွက်ခွင့်ပေးခြင်းတို့ကို မိမိကိုယ်တိုင် တာဝန်ယူဆောင်ရွက်ရသော ဝန်ထမ်းတစ်ဦးတစ်ယောက်ကိုပါ ဆိုလိုသည်။

ရုံပိုင်များ ပြင်ဆင်ရန်

  • ရုံပိုင်ချုပ်ကြီး
  • ရုံပိုင်ချုပ်
  • ဒုရုံပိုင်ချုပ်၊ ရုံပိုင်ကြီး(အထူးတန်း)
  • ရုံပိုင်ကြီး၊ "က"တန်းရုံပိုင် (ဝါ) ရုံပိုင်(အထူး)
  • ရုံပိုင်
  • ဒုရုံပိုင်
  • လက်ထောက်ရုံပိုင်

ဒုတိယရုံပိုင် ပြင်ဆင်ရန်

ဒုတိယရုံပိုင်သည် ရုံပိုင်/ရုံပိုင်ကြီး၏ တာဝန်တစိတ်တ‌ဒေသကို အထောက်အကူပြုသည်လည်းရှိ၏။ ရုံပိုင်/ ရုံပိုင်ကြီးမရှိခိုက် ရုံပိုင်/ရုံပိုင်ကြီး၏ တာဝန်ဝတ္တရားကို တာဝန်ယူဆောင်ရွက်ရသူလည်း ဖြစ်‌လေသည်။ သို့သော် အချို့သောကိစ္စရပ်များတွင် နည်းဥပဒေဖြင့် ရုံပိုင်ကိုယ်တိုင်ပြုလုပ်ရမည်ဟု ပြဋ္ဌာန်းထားသော မ‌တော်တဆမှုအ‌ရေးပေါ်ကိစ္စများ၊ အဆက်အသွယ်လုံးဝပြတ်သွားသောအခါ လမ်းရှင်းမဲ့ရထားထွက်ခွင့်ထုတ်ပေးခြင်းကိစ္စနှင့် ငွေပို့လွှာတွင် လက်မှတ်‌ရေးထိုးခြင်းကိစ္စ အစရှိသည်တို့ကို လုပ်ပိုင်ခွင့်မရှိပေ။ သို့ရာတွင် ရုံပိုင်/ရုံပိုင်ကြီးမရှိခိုက်တွင် တာဝန်ယူဆောင်ရွက်ရပြီး ပြန်လည်တင်ပြရသည်။

ကိုးကား ပြင်ဆင်ရန်

မြန်မာ့မီးရထား