ရူပကအလင်္ကာ
အရာဝတ္ထုနှစ်ခုကို အတူကဲ့သို့တင်စား၍ ပြောဆိုအပ်သော အလင်္ကာသည် ဥပမာအလင်္ကာ, ရူပကအလင်္ကာ[၁]-ဟူ၍ နှစ်ပါးရှိ၏။ ထိုတွင် ဥပမာအလင်္ကာ၌ ဥပမာန, ဥပမေယျတို့သည် ဂုဏ်သာတူ၍ ဒြပ်ကားမတူကြချေ။ ရူပကအလင်္ကာ၌ ဥပမာန, ဥပမေယျတို့သည် ဂုဏ်လည်းတူ ဒြပ်လည်းတူကြသည်။ [၂]
ဥပမာအလင်္ကာ နှင့် ရူပကအလင်္ကာတို့ မတူကွဲပြားပုံ
ပြင်ဆင်ရန်ရူပကအလင်္ကာပုံစံ-သဒ္ဓါ ဗီဇံ (သျ။ ၂၁၄)တည်း။ ဤ၌ မျိုးစေ့ကားဥပမာန, သဒ္ဓါ တရားကား ဥပမေယျ။ ထိုဥပမာန, ဥပမေယျ တို့သည် ပေါက်ရောက်တတ်သည်၏ အဖြစ်တည်းဟူသော ဂုဏ်ချင်းလည်းတူကြ၍ ဗီဇ ဟူသော ဥပမာနပုဒ်၏အရလည်း သဒ္ဓါ တရားဒြပ်, သဒ္ဓါဟူသော ဥပမေယျပုဒ်၏အရလည်း သဒ္ဓါတရားဒြပ်ပင်ဖြစ်၍ ဒြပ်ချင်းလည်း အရတူကြသောကြောင့် ရူပအလင်္ကာ မည်၏။
တစ်နည်း-ဥပမာအလင်္ကာ၌ ဥပမာန ဥပမေယျတို့၏အရသည်မတူ ကွဲပြားခြားနားကြ၍ ရူပကအလင်္ကာ၌ကား ကွဲပြားခြား နားမှုမရှိ အရတူသည်။
ရူပကအလင်္ကာပုံစံ-အင်္ဂုလိ ဒလသံသောဘိံ။ (အလင်္ကာ။ ၂၁၄။)တည်း။ ဤ၌ ဒလဟူသော ဥပမာနပုဒ်၏အရလည်း ခြေချောင်းတော်, အင်္ဂုလိဟူသော ဥပမေယျပုဒ်၏ အရလည်း ခြေချောင်းတော်ပင်ဖြစ်၍ဥပမာန, ဥပမေယျတို့၏ အရတူသောကြောင့် ရူပကအလင်္ကာ မည်၏။
တစ်နည်း-ဥပမာအလင်္ကာ၌ ဥပမာနပုဒ်၏ အရဖြစ်သော ဒြပ်ရှိ၍ ရူပက အလင်္ကာ၌ ဥပမာနပုဒ်၏ အရဖြစ်သော ဒြပ် မရှိချေ။ အလင်္ကာ။ ၂၀၆။
ရူပကအလင်္ကာပုံစံ = ဝိလာသ ဟာသ ကုသုမ။ (အလင်္ကာ။ ၂၁၈။)တည်း။ ဤ၌ ကုသုမ ဟူသော ဥပမာနသဒ္ဒါသည် မိမိ၏ဟောရင်း ဖြစ်သော ပန်းဟူသော အနက်ကို မဟော၊ တင့်တယ်စံပယ်စွာ ပြုံးရယ်ခြင်း ဟူသော ဥပမေယျပုဒ်၏ အနက်ကိုပင် ဟောသည်ဖြစ်၍ ဥပမာနပုဒ်အရ ဒြပ်မရှိသောကြောင့် ရူပကအလင်္ကာမည်၏။
ရူပကအလင်္ကာ (၆)ပါး
ပြင်ဆင်ရန်ရူပကအလင်္ကာသည်-(၁) အသေသဝတ္ထုဝိသယသမာသရူပက။ (၂) အသေသဝတ္ထုဝိသယ အသမာသရူပက။ (၃)အသေသဝတ္ထု ဝိသယသမာသာသမာသရူပက (၄) ဧကဒေသဝိဝုတ္တိသမာသရူပက။ (၅) ဧကေဒေသဝိသုတ္တိအသမာသရူပက။ (၆) ဧကဒေသဝိဝုတ္တိသမာသာသမာသရူပက-ဟူ၍ (၆)ပါးအပြားရှိ၏။
အသေသဝတ္ထုဝိသယသမာသရူပက
ပြင်ဆင်ရန်(၁) ထိုတွင်ံ အကြွင်းမရှိသောဝတ္ထုလျှင် အရာရှိသည်ဖြစ်၍ ဥပမေယျ ပုဒ်၌ ရှိသမျှ ဥပမေယျပုဒ်၌ အရာဝတ္ထုတို့ကို သမာသ်တွဲစပ်၍ ဖွဲ့ဆိုအပ်သော အလင်္ကာသည် အသေသဝတ္ထုဝိသယသမာသရူပကအလင်္ကာမည်၏။
ပုံစံကား-အင်္ဂုလိ ဒလသံသောဘိံ၊ နခဒီဓိတိကေသရံ။ သိရသာ န ပိလန္ဓန္တိ၊ တေ မုနိန္ဒ ပဒမ္ဗုဇံ။ (အလင်္ကာရ။ ၂၁၄။)တည်း။
ဤ၌ မြတ်စွာဘုရား၏ ခြေတော်တည်းဟူသော ... ဥပမေယျ၌ရှိသော ခြေချောင်းတော်, ခြေသည်းတော်တည်းဟူသော အရာ ဝတ္ထုအားလုံးတို့ကို အကုန်အစင် သမာသ် တွဲစပ်၍ ဖွဲ့ဆိုအပ်သောကြောင့် “အသေသဝတ္ထုဝိသယသမာသရူပကအလင်္ကာ”မည်၏။
အသေသဝတ္ထုဝိသယ အသမာသရူပက
ပြင်ဆင်ရန်(၂) အကြွင်းမရှိသော ဝတ္ထုလျှင် အရာရှိသည် ဖြစ်၍ ဥပမေယျပုဒ်၌ ရှိသမျှအရာဝတ္ထုတို့ကို ဝါကျဖြင့် ဖွဲ့ဆိုအပ်သော အလင်္ကာသည် “အသေသဝတ္ထု ဝိသယအသမာသ ရူပကအလင်္ကာ”မည်၏။
ပုံစံကား-ရတနာနိ ဂုဏာဘူရီ၊ ကရုဏာသီတလံ ဇလံ။ ဂမ္ဘီရတ္တ မဂါဓတ္တံ၊ ပစ္စက္ခော’ ယံ ဇိနော’မ္ဗုဓိ။ (အလင်္ကာရ။ ၂၁၅။), တည်း။
ဤ၌မြတ်စွာဘုရားကို သမုဒ္ဒရာသဖွယ် ဖွဲ့ဆိုစီကုံးထား၍ မြတ်စွာဘုရားတည်းဟူသော ဥပမေယျပုဒ်၌ ရှိသမျှ ဂုဏ်တော်, ကရုဏာတော်နက်နဲသော သဘောတော်ဟုဆိုအပ်သော အရာဝတ္ထု အားလုံးတို့ကို အကြွင်းအကျန်မရှိအောင် ဝါကျဖြင့် စီကုံး ဖွဲ့ဆိုအပ်သောကြောင့် “အသေသဝတ္ထု ဝိသယအသမာသ ရူပကအလင်္ကာ” မည်၏။
အသေသဝတ္ထု ဝိသယသမာသာသမာသရူပက
ပြင်ဆင်ရန်(၃) အကြွင်းမရှိသော ဝတ္ထုလျှင်အရာရှိ သည်ဖြစ်၍ ဥပမေယျ၌ ရှိသမျှအရာဝတ္ထုတို့ကို အကုန်အစင် သမာတစ်ချို့ဝါကျ တစ်ချို့အားဖြင့် ဖွဲ့ဆိုအပ်သော အလင်္ကာသည် “အသေသဝတ္ထုဝိသယသမာသာသမာ သရူပကအလင်္ကာ” မည်၏။
ပုံစံကား-စန္ဒိကာ မန္ဒတာသာ တေ၊ မုနိန္ဒ ဝဒနိ’န္ဒုနော။ ပဗောဓယျ’ယံ သာဓု၊ မနော ကုမုဒကာနနံ။ (အလင်္ကာ။ ၂၁၆)တည်း။
ဤ၌ မြတ်စွာဘုရား၏ နှုတ်ခမ်းတော်ကို လ-နှင့် နှိုင်းယှဉ်ထား၍ နှုတ်ခမ်းတော်တည်းဟူသော ဥပမေယျ၌ရှိသော ညှင်းညှင်း သာသာ ပြုံးရယ်တော် မူခြင်း ဟူသော အရာဝတ္ထုအားလုံးကို သမာသ်တချို့, ဝါကျ တချို့အားဖြင့် စီကုံးဖွဲ့ဆို အသောကြောင့် “အသေသဝတ္ထု ဝိသယသမာသာသမာသရူပကအလင်္ကာ” မည်၏။
ဧကဒေသဝိဝုတ္တိသမာသရူပက
ပြင်ဆင်ရန်(၄) ဥပမေယျ၌ရှိသော အရာဝတ္ထု တစ်စိတ်တစ်ဒေသကိုသာ သမာသ်တွဲစပ်၍ အတူပြီး စီကုံးဖွဲ့ဆိုအပ်သော အလင်္ကာသည် “ဧကဒေသဝိဝုတ္တိ သမာသ ရူပက အလင်္ကာ” မည်၏။
ပုံစံကား-ဝိလာသ ဟာသ ကုသုမံ၊ ရုစိရာ’ဓရပလ္လဝံ။ သုခံ ကေ ဝါ န ဝိန္ဒန္တိ၊ ပဿန္တာ မုနိနော မုခံ။ (အလင်္ကာ။ ၂၁၈။)တည်း။
ဤ၌မြတ်စွာဘုရား၏ မျက်နှာတော်တည်းဟူသော ဥပမေယျ၌ ရှိသမျှ အရာဝတ္ထုတို့ကို အကုန်အစင် မဖွဲ့ဆိုမူ၍ တစ်စိတ်တစ်ဒေသ ဖြစ်သော အရာဝတ္ထုတို့ကိုသာ သမာသ်တွဲ စပ်၍ အတူပြုပြီး စီကုံးဖွဲ့ဆိုအပ်သောကြောင့် “ဧကဒေသဝိဝုတ္တိသမာသရူပက အလင်္ကာ” မည်၏။
ဧကေဒေသဝိသုတ္တိအသမာသရူပက
ပြင်ဆင်ရန်(၅) ဥပမေယျ၌ရှိသော အရာဝတ္ထုတစ်စိတ် တစ်ဒေသကိုသာ ဝါကျအားဖြင့် အတူပြု၍ စီကုံးဖွဲ့ဆိုအပ်သော အလင်္ကာသည် “ဧက ဒေသဝိဝုတ္တိ အသမာသရူပက မည်၏၊
ပုံစံကား-အလင်္ကာ- ပါဒဒွန္ဒံ မုနိန္ဒဿ၊ ဒဒါဟု ဝိဇယံ တဝ။ နခရံသီ ပရံ ကန္တာ၊ ယဿ ပါပဇယဒ္ဓဇာ။ (အလင်္ကာ၊ ၂၁၉)တည်း။
ဤ၌ မြတ်စွာဘုရား၏ အစုံတည်းဟူသော ခြေတော် ဥပမေယျ၌ ရှိသမျှ အရာဝတ္ထုတို့ကို အကုန်အစင် မဖွဲ့ဆိုမူ၍ တစ်စိတ်တစ်ဒေသ ဖြစ်သော အရာဝတ္ထုတို့ကိုသာ အတူပြု၍ ဝါကျအားဖြင့် စီကုံးဖွဲ့ဆိုအပ်သောကြောင့် “ဧကဒေသ ဝိဝုတ္တိအသမာသရူပက အလင်္ကာ” မည်၏။
ဧကဒေသဝိဝုတ္တိသမာသာသမာသရူပက
ပြင်ဆင်ရန်(၆) ဥပမေယျ၌ရှိသော အရာဝတ္ထုတစ်စိတ် တစ်ဒေသကိုသာ သမာသ်တစ်ချို့ ဝါကျတစ်ချို့အားဖြင့် အတူပြု၍ စီကုံးဖွဲ့ဆိုအပ်သော အလင်္ကာသည် “ဧကဒေသဝိဝုတ္တိ သမာသာသမာသရူပက အလင်္ကာ” မည်၏။
ပုံစံကား- သုနိမ္မလကပေါလဿ၊ မုနိန္ဒဝဒနိန္ဒုနော။ သာဓုပ္ပဗုဒ္ဓဟဒယံ၊ ဇာတံ ကေရဝကာနနံ။ (အလင်္ကာ။ ၂၂၀။)တည်း။ ဤ၌ မြတ်စွာဘုရား၏ မျက်နှာတော်တည်းဟူသော ဥပမေယျ၌ ရှိသမျှ အရာဝတ္ထုတို့ကို အကုန်အစင် မဖွဲ့ဆိုမူ၍တစ်စိတ်တစ်ဒေသဖြစ်သော အရာဝတ္ထုတို့ကိုသာ သမာသ်တစ်ချို့ ဝါကျတစ်ချို့အားဖြင့် အတူပြု၍ စီကုံးဖွဲ့ဆိုအပ်သောကြောင့် “ဧကဒေသဝိဝုတ္တိသမာသာသမာသရူပက အလင်္ကာ” မည်၏။
အခြား ရူပကအလင်္ကာများ
ပြင်ဆင်ရန်ယခုပြဆိုခဲ့ပြီးသော ရူပကအလင်္ကာ (၆) မျိုးအပြင် ယုတ္တရူပက, အယုတ္တရူပက, ဝိသမရူပက, သဝိသေသရူပက, ဝိရုဒ္ဓရူပက, ဟေတုရူပက, သိလိဋ္ဌရူပက, ဥပမာရူပက, ဗျတ္တိရေကရူပက, အာပေက္ခပရူပက, သမာဓာနရူပက, တတွာပတ္နဝရူပက-ဟူ၍ ရူပက အလင်္ကာပေါင်း များစွာပင် ကျန်ရှိသေး၏။ ထိုသို့ပင်များသော်လည်း ရူပကအလင်္ကာ အားလုံးကို အကျဉ်းချုံးလိုက်လျှင် ယခု ပြဆိုခဲ့ပြီးသော ရူပကအလင်္ကာ (၆) မျိုးတို့၌ ထိုက်သည့်အားလျော်စွာ ပါဝင်ကြပြီး ဖြစ်၏။
ကိုးကား
ပြင်ဆင်ရန်- ↑ ရူပက (န) [ရူပ+အက၊ ရူပ+က။ ရူပယတီတိ ရူပကံ။ ကပ္ပဒ္ဒုမ။ ရူပယတိ အတြာတိ ရူပကံ၊ ရူပမေ ဝါ ရူပကံ၊ ရူပံ အာ အတ္တီတိ ဝါ ရူပကံ။ ထောမ။ ရူပက-သံ။ ရူပဂ၊ ရူယဂ-ပြာ၊ အဒ္ဓမာဂဓီ။ (၁) အရုပ်။ (၂) ရုပ်တူ၊ ရုပ်တု။ (၃) တူသော(ဝိဘတ္တိနိဒ္ဒေသ)။ (၄) (အရာဝတ္ထုနှစ်ခုကို အတူကဲ့သို့ တင်စား၍ ပြောဆိုအပ်သော) ရူပကအလင်္ကာ။ (၁) တံ ရူပကံ ဝတ္ထုပုပ္ပါလင်္ကာရေဟိ အလင်္ကရိတွာ ...ဧကမန္တေ တိဋ္ဌန္တိ။ ဇာ၊ဋ္ဌ၊၅၊၃၀၁။ (၂) ရဇတဗိမ္ဗကန္တိ ရူပိယမယံ ရူပကံ။ ဒီ၊ဋီ၊၁၊၂၈၈။ (၃) ဧဝဉ္စ ကတွာတိအာဒိနာ ယထာ ဝုတ္တအတ္ထဝဏ္ဏနာယ ပါဠိယံ ဝိဘတ္တိနိဒ္ဒေသဿ ရူပကဘာဝမာဟ။ အနုဋီ၊၃၊၂၅၁။ (၄) ဥပမာနောပမေယျာနံ အဘေဒဿ နိရူပနာ။ ဥပမာဝ တိရောဘူတ၊ ဘေဒါ ရူပမုစ္စတေ။ အလင်္ကာ။ ၂၁၂။
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၇