ရူပဓာတုဗေဒ (physical chemistry) ဆိုသည်မှာ ဓာတုဗေဒ စနစ်များ၏မျက်စိဖြင့်မြင်နိုင်သော အခြေအနေ၊ အက်တမ် အခြေအနေ၊ အက်တမ်ထက် သေးငယ်သော အခြေအနေ၊ အမှုန်အမွှားဆိုင်ရာ အခြေအနေတို့နှင့် သက်ဆိုင်သော ဖြစ်စဉ်များကို ကို ရုပ်ပိုင်းဆိုင်ရာ ဥပဒေသများ နှင့် သဘောတရားများအရ လေ့လာသော ပညာရပ်ဖြစ်သည်။ ၎င်းသည် ရွေ့လျားမှု၊ စွမ်းအင်၊ အားသက်ရောက်မှု၊ အချိန်၊ သာမိုဒိုင်းနမစ်၊ ကွမ်တမ် ဓာတုဗေဒ၊ စာရင်းအင်းဆိုင်ရာ မက္ကင်းနစ် နှင့် ဒိုင်းနမစ် အစရှိသော ရူပဗေဒ၏ စည်းမျဉ်းများ၊ လုပ်ဆောင်ချက်များ နှင့် သဘောတရားများကို ဓာတုဗေဒတွင် အသုံးချသော ပညာရပ်ဖြစ်သည်။

ရူပဓာတုဗေဒသည် ဓာတုရူပဗေဒ (chemical physics) ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ရူပဓာတုဗေဒတွင် မျက်စိဖြင့် မြင်နိုင်သော အရာများ နှင့် မော်လီကျူးများ ထက်မကသော သဘောတရားများကို လေ့လာခြင်း ဖြစ်သည်။ ရူပဓာတုဗေဒတွင် မော်လီကျူး နှင့် အက်တမ်တို့၏ တည်ဆောက်ပုံမျှသာ မကဘဲ ဓာတု အားမျှခြေ နှင့် ကော်လွိုက် အစရှိသော ဓာတ် အစုအဝေးတို့နှင့် သက်ဆိုင်သော သဘောတရားများကို လေ့လာလေ့ ရှိသည်။

ရူပဓာတုဗေဒမှ ဖြေရှင်းရန် ကြိုးစားသော ပြဿနာများတွင် အောက်ပါတို့ ပါဝင်သည်။

  • ဓာတ်ဝတ္ထုတို့၏ မော်လီကျူးများ အချင်းချင်း သက်ရောက်သော အားတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
  • ဓာတ်ပြုနှုန်း ၏ ဓာတ်ပြုမှုဆိုင်ရာ ကိုင်နက်တစ်
  • ဓာတ်ဝတ္ထုတို့၏ ဓာတ်အားစီးဆင်းမှု တွင် အိုင်းယွန်းတို့၏ လက္ခဏာရပ်များ
  • မျက်နှာပြင်ဆိုင်ရာ ဓာတုဗေဒ နှင့် မမ်ဘရိန်း တို့၏ အီလက်ထရို ဓာတုဗေဒ