ရေကြောင်း လောင်စာဆီ စီမံခန့်ခွဲမှုစနစ်

ရေကြောင်း လောင်စာဆီ စီမံခန့်ခွဲမှုစနစ် (အင်္ဂလိပ်: Marine fuel management အတိုကောက် MFM) ဆိုသည်မှာ တိုင်းတာခြင်းများ (measuring)၊ ကြည့်ရှုလေ့လာခြင်းများ (monitoring) နှင့် လောင်စာဆီအသုံးပြုမှုကို အစီအရင်ခံခြင်းများ (reporting fuel usage) ကိုစောင့်ကြည့်လေ့လာပြီး လောင်စာဆီအသုံးပြုမှုလျှော့ချခြင်းများ၊ လုပ်ငန်းပိုင်ဆိုင်ရာများကို ပိုမိုတိုးတက်စေခြင်းများ၊ ကုန်သွယ်မှုတို့ကို ပိုမိုတိုးတက်စေခြင်းများ တိုဖြစ်ပေါ်စေသော စနစ်တစ်ခုဖြစ်သည်။ ရေကြောင်းတွင်အသုံးပြုသော လောင်စာဆီ ဈေးနှုန်းများပြားလာခြင်း နှင့် တစ်ကမ္ဘာလုံးရှိ သင်္ဘောများ၏ လောင်စာဆီများမှ ထွက်ရှိသော ညစ်ညမ်းမှုများ ပိုမိုတိုးပွားလာခြင်း တို့ကြောင့် MFM သည် ပိုမို အရေးပါလာတော့သည်။[၁][၂][၃]

ထိရောက်သော MFM တစ်ခုသည်

  • လောင်စာဆီ ဘယ်လောက်သုံးရမည်
  • လောင်စာဆီ ဘယ်လောက်သုံးခဲ့သည်
  • လောင်စာဆီများ အသုံးပြုခြင်းအားဖြင့် မည်သည့်အရာများကို အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်မည် နှင့်
  • အကျိုးသက်ရောက်မှုများ မည်မျှဖြစ်ပေါ်နိုင်မည်

တို့ကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။

လောင်စာအသုံးပြုမှုကို ကိုယ်တိုင်တိုင်းတာခြင်း (manual methods of measuring fuel usage) ဆိုလိုသည်မှာ လောင်စာဆီကန် (fuel tank) အတွင်းသို့ sounding တိုင်းတာခြင်းသည် ပုံမှန်အားဖြင့် လောင်စာဆီသုံးဆွဲမှု ပမာဏကို အတိအကျမပြောနိုင်ပေ။

  • ဆိပ်ကမ်းဝင်ထွက်သော အချိန်များ
  • အင်ဂျင်အမျိုးအစားများ
  • အလုပ်လုပ်ပုံကွာခြားချက်များ
  • လူတို့၏ အလုပ်လုပ်ရာတွင်ကွာခြားချက်များ

စသည်ကိစ္စများတွင် အတိအကျမပြောနိုင်ပေ။ လောင်စာဆီ အသုံးပြုပုံကို အတိအကျမသိပဲ လောင်စာဆီအသုံးပြုမှု အခြေခံတစ်ခုကို မရေးဆွဲနိုင်ပေ။ ထိုကဲ့သို့ လောင်စာဆီအသုံးပြုမှု အခြေခံမရှိပါပဲနှင့် MFM ကိုပုံဖော်ရာတွင် အဆင်ပြေလိမ့်မည်မဟုတ်ပေ။

MFM သည် သင်္ဘောပိုင်ရှင်များ (fleet owner) ကို အမှန်တကယ် အသုံးပြုသောလောင်စာဆီ နှင့် ဆက်စပ်၍ အသုံးပြုသော လောင်စာဆီများကို သိရှိစေသည်။ ဤသို့ဖြင့် လုပ်ငန်းများကို ပိုမိုအကျိုးရှိစေသည်။ ထိုမျှမက MFM သည် သင်္ဘောတို့၏ လောင်စာဆီအသုံးပြုမှုကို ပိုမို၍ သိရှိစေလာသည်။

ကိုးကား ပြင်ဆင်ရန်

  1. International Maritime Organization Adopts Program to Control Air Emissions from Oceangoing Vessels [၁]
  2. Clean Ports USA
  3. UN-backed Efforts to Reduce Pollution