ရေစက်ချခြင်း သည် နတ်ဘုရားများ၊ ဝိဉာဉ်များ နှင့် ကိုးကွယ်ယုံကြည်သူများသို့ လှူဒါန်းမှု ပြုလုပ်သည့်အခါ ရေ၊ စပါးကဲ့သို့သော သီးနှံအစေ့များကို လောင်းချသည့် ရိုးရာဓလေ့ ဖြစ်သည်။ ထိုဓလေ့သည် ယုံကြည်ကိုးကွယ်မှုများစွာတို့တွင် တည်ရှိလျက် ရှိခဲ့ပြီး ယနေ့ထက်တိုင် လှူဒါန်းမှုများတွင် တည်ရှိ‌သည်။

ရောမခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦးက ရေစက်ချနေဟန်၊ အေဒီ ၂-၃ ရာစု
Buryat shaman ရေစက်ချခြင်း ပြုလုပ်နေဟန်

ရေစက်ချခြင်းကို ပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်ကြ၏။ များသောအားဖြင့် ရေစက်ချရာတွင် အသုံးပြုသည့်ပစ္စည်းများမှာ ဝိုင်၊ အခြားသော အရက်ပါသည့် သောက်စရာများ၊ သံလွင်ဆီ၊ ပျားရည်တို့ ဖြစ်ကြပြီး အိန္ဒိယတွင်မူ ဟိန္ဒူထောပတ်ဖြင့် ပြုလုပ်ကြသည်။

ရေစက်ချရာတွင် ထည့်စရာခွက်များကို အသုံးပြုကြသည်။ ရေစက်ချရာတွင် ကမ္ဘာမြေကြီး သို့မဟုတ် ကိုးကွယ်ယုံကြည်မှုအလျောက် အရာတစ်ခုခုပေါ်သို့ လောင်းချကြသည်။

ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အလေ့အထများ

ပြင်ဆင်ရန်

ရှေး‌ခေတ်အီဂျစ်

ပြင်ဆင်ရန်

မြန်မာဗုဒ္ဓဘာသာ

ပြင်ဆင်ရန်
 
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ ရေစက်ချအခမ်းအနားကို ပြုလုပ်နေကြပုံ (၁၉၀၀ ခုနှစ်)

ဗုဒ္ဓဘာသာ မြန်မာတို့သည် ရေစက်ချသည် ဟု ခေါ်သည်။ ရေစက်ချရာတွင် ခရား သို့မဟုတ် ခွက်ထဲမှရေပို ခွက်တစ်ခုထဲသို့ လောင်းချသည်။ ရေစက်ချရာတွင် တစ်စက်ပြီးတစ်စက် ချကြသည်။ ရေစက်ချခြင်းကို ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အခမ်းအနားများဖြစ်သည့် အလှူ၊ ရှင်ပြုပွဲ စသည်တို့တွင် ပြုလုပ်ကြသည်။ ရေစက်ချခြင်း အခမ်းအနားသည် ၃၁ ဘုံရှိ ဝေနေယျသတ္တဝါများကို ကောင်းမှုကုသိုလ်များအား အမျှ‌ဝေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ရေစက်ချခြင်းကို အစီအစဉ် သုံးခုဖြင့် လုပ်လေ့ရှိသည်။ ဆုတောင်းခြင်း၊ ရေစက်ချခြင်း၊ အမျှဝေခြင်းတို့ ဖြစ်သည်။

ထို့နောက်တွင် လှူဒါန်းသူတို့သည် အမျှဝေခြင်းကို အောက်ပါအတိုင်း သုံးကြိမ်ရွတ်ဆိုကြသည်။

အားလုံးကြားကြသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

အထက်ပါ အမျှဝေစာသားကို ဆိုကြပြီးနောက် "သာဓု" သုံးကြိမ် သီဆိုကြသည်။