ရေနံဖြန့်ဖြူးမှုနှင့် သဘာဝဓာတ်ငွေ့များ သိုမှီးထားရှိမှုသည် ကမ္ဘာ့အကြီးဆုံးသော ရေနံကုမ္ပဏီကြီး ၅၀ များအတွင်းတွင် ရှိနေသည်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီများ၏ သိုမှီးထားရှိမှုများကို တစ်လုံးတစ်စည်းထဲ အုပ်စုဖွဲ့ထားသည်။ “သာလွန်ထူးကဲ ”သည့် ကုမ္ပဏီကြီးများ၏ ရေနံထုတ်လုပ်မှုသည် ကမ္ဘာ့ရေနံစုစုပေါင်း ထုတ်လုပ်ပေးမှု၏ ၁၅ ရာခိုင်နှုန်း အောက် အနည်းငယ်လျော့နည်းသည်။ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့သိုမှီးထားရှိမှု၏ ၈၀ ရာခိုင်နှုန်းကျော်သည် နိုင်ငံပိုင်ရေနံကုမ္ပဏီကြီးများမှ ထိန်းချုပ်ထားသည်။ ကမ္ဘာ့အကြီးမားဆုံးသော ရေနံကုမ္ပဏီကြီး အခု ၂၀ တွင် ၊ ၁၅ ခုသည် နိုင်ငံတော်ပိုင်များ ဖြစ်ကြသည်။

Periodic Table
တစ်ကမ္ဘာလုံးဆိုင်ရာ ရေနံတည်ရှိမှု အခြပြေဇယား
Oil Reserves

စက်မှုလုပ်ငန်းကြီးကို ကိုယ်စားပြုသည့်ရေနံလုပ်ငန်း ပြင်ဆင်ရန်

ရေနံလုပ်ငန်းတွင် ကမ္ဘာနှင့် အဝှမ်းပြင်ဆင်လုပ်ဆောင်နေရသည့် ရေနံရှာဖွေခြင်း၊ ရေနံထုတ်ယူခြင်း၊ ရေနံချက်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း (ရံဖန်ရံခါ ရေနံတင်သင်္ဘောနှင့် ပိုက်လိုင်းများဖြင့်) နှင့် ရေနံထွက်ပစ္စည်းများ ဈေးကွက် တင်ရောင်းချခြင်းတို့ ပါဝင်သည်။ လုပ်ငန်း၏ အများဆုံးသော ထုထည်ပစ္စည်းထုတ်လုပ်မှုများမှာ လောင်စာဆီနှင့် ဓာတ်ဆီတို့ဖြစ်သည်။ ရေနံသည် များစွာသော ဓာတုထုတ်ကုန်များအတွက် ကုန်ကြမ်းတစ်မျိုးလည်းဖြစ်သည်။ ဓာတု ထုတ်ကုန်များတွင် ဆေးဝါးပစ္စည်းများ၊ အဖျော်ရည်များ၊ ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများနှင့် ပလပ်စတစ်များတို့ ပါဝင်သည်။ လုပ်ငန်းကို ပုံမှန်အားဖြင့် အဓိကပါဝင်သည့်အပိုင်း သုံးပိုင်းခွဲခြားထားသည်။ အပေါ် စီးကြောင်း ၊ အလယ် စီးကြောင်း နှင့် အောက် စီးကြောင်း တို့ဖြစ်သည်။ အလယ် စီးကြောင်း လုပ်ဆောင်မှုများသည် ပုံမှန်အားဖြင့် အောက်စီး ကြောင်း အမျိုးအစားတွင် ပါဝင်နေသည်။

ရေနံသည် များစွာသော စက်မှုလုပ်ငန်းများအတွက် အဓိကဖြစ်ပြီး၊ စက်မှုလုပ်ငန်းဆိုင်ရာ လူမှု ဖွံ့ဖြိုးရေး ရေရှည်တည်တံ့စေရန် အရေးပါသည်။ ဤနည်းဖြင့် ရေနံသည် နိုင်ငံများစွာအတွက် အရေးအကြီးဆုံးသော စိုးရိမ်စရာကိစ္စ ဖြစ်နေသည်။ ကမ္ဘာ့စွမ်းအင်သုံးစွဲမှု၏ အများဆုံးရာခိုင်နှုန်းကို အောက်အဆငမှ ကြည့်လျှင်၊ ဥရောပနှင့်အာရှအတွက် ၃၂ ရာခိုင်နှုန်း ရှိပြီး၊ အရှေ့အလယ်ပိုင်းအတွက် ၅၃ ရာခိုင်နှုန်း အထက်ရှိသည့်အဆင့်ကို တွေ့မြင်ရသည်။ အခြားသော ပထဝီအနေ အထားအရဒေသများ၏ စွမ်းအင်သုံးစွဲမှု ပုံစံများမှာ- တောင်နှင့်အလယ်အမေရိက (၄၄ ရာခိုင်နှုန်း) ၊ အာဖရိက (၄၁ ရာခိုင်နှုန်း)၊ နှင့် မြောက်အမေရိက (၄၀ ရာခိုင်နှုန်း) တို့ဖြစ်သည်။ အများဆုံးသုံးစွဲသည့် ဖွံ့ဖြိုးပြီးနိုင်ငံများ အပါအဝင်ကမ္ဘာ့ရေနံသုံးစွဲမှုမှာ တစ်နှစ် လျှင် ရေနံဆီ ပေပါ ၃၀ ဘီလီယံ (၄.၈ km³) ရှိသည်။ ၂၀ဝ၇ တွင် အမေရိကန်နိုင်ငံသည် ရေနံထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်း ကို သုံးစွဲခဲ့သည်။ ရေနံထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ချက်လုပ်မှုနှင့် လက်လီရောင်းချမှုများသည် တစ်စုတစ်ဝေးတည်းပုံစံဖြင့် ဒေါ်လာတန်ဖိုးဟုပြောင်းလဲ ခေါ်ဆိုရမည့် ကမ္ဘာ့အကြီးမားဆုံးသော စက်မှုလုပ်ငန်းကြီးကို ကိုယ်စားပြုနေသည်။

သဘာဝသမိုင်း ပြင်ဆင်ရန်

ရေနံသည် သဘာဝအားဖြင့် ကျောက်အစိုင်အခဲများဖြစ်ပေါ်မှုအတွင်းတွင်တွေ့ရှိရသည့် အရည်ဖြစ်သည်။ ရေနံ တွင် မျိုးစုံသော မော်လီကျူး အလေးချိန်များ ပါရှိသည့် ဟိုက်ဒရိုကာဗွန်အရောအနှောများနှင့် အခြားသော ကာဗွန်ဒြပ် ပေါင်းများပါရှိသည်။ ရေနံကို ယေဘုယျအားဖြင့် လက်ခံထားသည်မှာ ရေနံသည် အခြားသော ကျောက်ဖြစ်လောင်စာ များနှင့် တူညီစွာ အပင်နှင့်တိရစ္ဆာန်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများမှ ဖြစ်ပေါ်လာသည်။ နှစ်သန်းရာပေါင်းများစွာ ကြာ မြင့်လာသည့်အခါ၊ ကမ္ဘာမြေထု၏ အပူချိန်နှင့်ဖိအားတို့ကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းများသည် လောင်စာများအဖြစ် ပြောင်းလဲသွားကြသည်။ အချိန်ကြာမြင့်လာသည့်အခါ ပုပ်သိုးဆွေးမြေ့သောအ ကြွင်းအကျန်များသည် ရွံ့နှင့် နုံးများဖြင့်ဖုံးအုပ် လာပြီး၊ ကမ္ဘာမြေ၏ မာတင်းနေသောမျက်နှာပြင်အလွှာအတွင်းသို့ စိမ့်ဝင်နစ်မြုပ်သွားသည်။ ထိုနေရာတွင် ပူ၍ ဖိအားပေးခြင်းခံရသော မြေလွှာများ၏ ကြားတွင် ထိန်းသိမ်းထားပြီး တစ်ဖြည်းဖြည်း ရေနံလှောင်ကန်များအဖြစ်သို့ ပြောင်းလဲသွားသည်။

သမိုင်းဦးအစ ပြင်ဆင်ရန်

ရေနံစိမ်းကို မချက်လုပ်ရသေးသည့်အနေအထားဖြင့် လူတို့သုံးစွဲလာခဲ့သည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ဝဝ ကျော်ပြီ ဖြစ်သည်။ ရေနံဆီအဖြစ် မီးတောက်လောင်ရန်နှင့် စစ်ရေးစစ်ရာများတွင် သုံးစွဲရန်အဖြစ် လူ့သမိုင်းဦးအစ ကတည်းမှ အသုံးချခဲ့သည်။ ရှေးဦး ပါရှန်းဘာသာကျောက် ထွင်းစာများတွင် ရေနံကို အလင်းရရှိရန်နှင့် ဆေး အဖြစ်သုံးရန် လူ့အထက်တန်းလွှာများ သုံးစွဲခဲ့ကြသည်ကို ဖော်ပြထားသည်။ ရှေးခေတ် တရုတ်ပြည်တွင် အလင်းရောင် ရရှိရန်အတွက် သန့်စင်ပြီး ရေနံဆီများ သုံးစွဲခဲ့သည်ကို သိရှိရသည်။

ရှေးအကျဆုံးသော ရေနံလုပ်ငန်းတစ်ခု ထူထောင်ထားခဲ့မှုကို ၈ ရာစုနှစ်တွင် ရေနံကို အဆီအနှစ်ထုတ်ဖျက်ဆီးခြင်းမှ ရရှိသည့် ကတ္တရာများဖြင့်ခင်းထားသည့်လမ်းများ ဘဂ္ဂဒက်မြို့ တွင်တွေ့ရှိရသည်။ ၉ရာစုနှစ်တွင် နက်ဖသာ ထုတ်လုပ်ရန်အတွက် ရေနံမြေများကို ခေတ်သစ်ဘာကူး ၊ အာဇာဘိုင်ဂျန် ဒေသတစ်ဝိုက်တွင် ရှာဖွေတူးဖော်ခဲ့သည်။ ထိုရေနံမြေများကို ၁၀ ရာစုနှစ်တွင် အယ်-မာဆူဒီ နှင့် ၁၃ရာစုနှစ်တွင် မာကိုပိုလို တို့မှထုတ်ဖော်ရေးသားခဲ့သည်။ ၎င်းတို့ဟြေဆိုခဲ့သည်မှာ ထို ရေနံတွင်းများမှထွက်ရှိမှုပမာဏသည် သင်္ဘောရာနှင့်ချီ၍့်သယ်ယူရမည့်အနေအထားဖြစ်သည်။ ၉ ရာစုနှစ်တွင် အယ်ရာဇီ မှ ရေနံကို ပေါင်းခံခြင်းဖြင့် ရေနံဆီကို ထုတ်လုပ်ခဲ့ပြီး ထိုရေနံဆီကို ဆီမီးအိမ်လုပ်ငန်းတွင် အသုံးပြုရန်အတွက် ရေနံဆီမီး အိမ်တွင် သုံးစွဲခဲ့သည်။

ကမ္ဘာ့စီးပွားရေးတွင် ရေနံဆီ၏အရေးပါမှုသည် နှေးကွေးနေခြင်းနှင့်အတူ ဝေလငါးအဆီကို မီးထွန်းရန်အတွက် ၁၉ရာစုနှစ်တွင် သုံးစွဲခဲ့ပြီး ထင်းနှင့်မီးသွေးကို အပူပေးရန်နှင့်ချက်ပြုတ်ရန်အတွက် ၂၀ရာစုနှစ်အတွင်းထိ ကောင်းစွာ သုံးစွဲခဲ့သည်။ ရေနံစက်မှုလုပ်ငန်းသည် မြောက်အမေရိကတိုက်ရှိ ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့တွင်ဖြစ် ပေါ်လာခဲ့သည်။ စက်မှုတော်လှန်ရေးသည် စွမ်းအင်အတွက်အဓိကလောင်စာ ထုတ်ပေးသည်ကျောက်မီးသွေးနှင့်တကွ ငါးကြီးဆီအပါအဝင် အခြားလောင်စာအရင်းအမြစ်များကို တိုးတက်ရရှိရန် တွန်းအားပေးခဲ့သည်။ သို့သော်ငြားလည်း ရေနံဆီကို ရေနံစိမ်းမှထုတ်ယူရရှိနိုင်သည်ကို တွေ့ရှိခဲ့ပြီးနောက် ရေနံဆီကို မီးထွန်းရန်နှင့် အပူပေးရန် လောင်စာ အဖြစ် သုံးစွဲခဲ့သည်။ ရေနံသည် တောင်းဆိုမှုအလွန်မြင့်မားလာခဲ့ပြီး နှစ်ဆယ်ရာစုနှစ် ကမ္ဘာ့ဈေးကွက်တွင် တန်ဖိုးအရှိ ဆုံး ကုန်သွယ်ရောင်းဝယ်ခဲ့သော ကုန်ပစ္စည်းဖြစ်လာသည်။

ခေတ်သစ်သမိုင်း ပြင်ဆင်ရန်

 

ဘာကူးရေနံခေတ်ထချိန်နှင့် ရေနံလမ်းကြောင်း ၊ နိုင်ငံတကာ ခရီးသွားလမ်းကြောင်း တွင်လည်းကြည့်နိုင်သည်။

ဂယ်လီရှီယန်း ရေနံတွင်းများ ပြင်ဆင်ရန်

ရုရှားအင်ပါယာသည် ၁၈၂၅ ခုနှစ်တွင် ရေနံ ၃၅၀ဝ တန်ထုတ်လုပ်ခဲ့ပြီး ရာစုနှစ်အလယ်တွင် နှစ်ဆတိုးထွက် ရှိခဲ့သည်။ [6] ၁၈၄၈ ခုနှစ်တွင် ယခုလက်ရှိ အာဇာဘိုင်ဂျန်နိုင်ငံ၌ရေနံတူးဖော်မှစတင်ခဲ့ပြီး နောက် ကြီးမားသည့်ပိုက်လိုင်း နှစ်လိုင်းကို ရုရှားအင်ပါယာတွင် တည်ဆောက်ခဲ့သည်။ အရှည် ၈၃၃ကီလိုမီတာရှိသော ပိုက်လိုင်းကို ၁၉၀၆ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ကက်စပီယန် ဒေသမှ ပင်လယ်နက်ဆိပ်ကမ်းဖြစ်သည့် ဘာတူးမီ (ဘာကူး- ဘာတူးမီပိုက်လိုင်း)သို့ ရေနံသယ်ပို့ပေးခဲ့သည်။ အရှည် ၁၆၂ ကီလိုမီတာရှိသည့် အခြားပိုက်လိုင်းတစ်ခုကို ချေချင်းညာ မှ ကက်စပီယန်သို့ ရေနံပို့ရန်အတွက် သွယ်တန်းခဲ့သည်။

၂၀ရာစုနှစ်ရောက်သည့်အခါတွင် အပ်ရှာရွန်ကျွန်းဆွယ် မှ ရုရှားအင်ပါယာ၏ ရေနံထုတ်လုပ်မှု အားလုံးနီးပါး မှာ ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ထက်ဝက်ရှိခဲ့ပြီး နိုင်ငံတကာဈေးကွက်များကို လွှမ်းမိုးထားခဲ့သည်။ ၁၈၈၄ခုနှစ်အရောက်တွင် ဘာကူးမြို့၏ဆင်ခြေဖုံးအရပ်ဒေသများ၌ ရေနံချက်စက်ရုံငယ်ပေါင်း အခု ၂၀ဝ နီးပါးအထိ လည်ပတ်ခဲ့သည်။[8] ရှေးဦးစွာ ဖွံ့ဖြိုးတိုးတက်မှုများ၏ ဘေးထွက်ဆိုးကျိုးအဖြစ် အပ်ရှာရွှန်းကျွန်းဆွယ်ဒေသသည် “ရေနံညစ်ညမ်းမှု နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလျစ်လျူရှုမှုတို့၏ ကမ္ဘာ့သက်တမ်းအရင့်ဆုံးအမွေအနှစ်” အဖြစ် ထွက်ပေါ်လာခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် လုဗစ်နိုဘယ် နှင့်သူ၏ ဘရာနိုဘယ် ကုမ္ပဏီသည် ပထမဦးဆုံးသော ရေနံတင်သင်္ဘောကို ကက်စပီယန်ပင်လယ်တွင် စတင်သုံးစွဲခဲ့ခြင်းအားဖြင့် “ရေနံသယ်ပို့သည့်လုပ်ငန်းကို တော်လှန်ခဲ့ သည်။”

ရေနံချက်စက်ရုံများ ပြင်ဆင်ရန်

ပထမဆုံးသော ခေတ်မီရေနံချက်စက်ရုံများကို ဂျက်စလို မြို့အနီးရှိ (ထိုအချိန်က မှီခို ဂယ်လိရှ နှင့် လိုဒိုမာရီးယား ဘုရင့်နိုင်ငံ (Kingdom of Galicia and Lodomeria) ၊ ဗဟိုဥရောပဂယ်လိရှ ှတွင်ရှိ) ပိုလန်နိုင်ငံ ၁၈၅၄ မှ ၁၈၅၆ တွင် အစ်နာဆီလုကာဆိုက်ဝစ် (Ignacy Łukasiewicz)မှတည်ဆောက်ခဲ့သည်။ ချက်လုပ်ပြီးလောင်စာဆီလိုအပ်ချက်မှာအကန့်အသတ်ဖြစ်နေသည့် အတွက်ထိုစက်ရုံများသည် ကနဦးတွင် သေးငယ်ကြသည်။ ချက်လုပ်ပြီး ထုတ်ကုန် များကို လုကာဆိုက်ဝစ်၏ ရေနံဆီမီးအိမ်များတွင် ထည့်သွင်းသုံးစွဲထားခြင်းနှင့်အတူ ကတ္တရာအတု ၊ စက်ဆီနှင့်ချောဆီ များတွင် သုံးစွဲခဲ့သည်။ ရေနံဆီမီးအိမ်များကျော်ကြားအောင်မြင်လာသဖြင့် ရေနံချက်လုပ်မှုလုပ်ငန်းသည် ထိုဒေသတွင် ကြီးထွားလာသည်။

ပထမဆုံးသောအကြီးစား ရေနံချက်စက်ရုံကို ၁၈၅၆ ခုနှစ် ရိုမေးနီးယားနိုင်ငံ ပလိုက်စတီ တွင်ဖွင့် လှစ်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် ပထမဆုံးသောရေနံတွင်းတူးခြင်းကို ၁၈၅၉ ခုနှစ် ၊ ပင်စီဗေးနီးယားပြည်နယ် ၊ တီတပ်စ ဗွီး တွင်အောင်မြင်စွာ တူးဖော်ခဲ့ခြင်းဖြင့် စတင်ခဲ့သည်။ ၂၀ ရာစုနှစ်၏လေးပုံတစ်ပုံတွင် အမေရိကန်နိုင်ငံ သည်ရုရှားနိုင်ငံကိုကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်သူဖြစ်လာသည်။

၁၉၂၀ ခုနှစ်တွင် ကနေဒါ ၊ ပိုလန် ၊ ဆွီဒင် ၊ ယူကရိန်း ၊ အမေရိကန်နှင့် ဗင်နီဇွဲလားအပါအဝင် နိုင်ငံအတော် များများတွင်ရေနံမြေများတည်ထောင်ခဲ့ကြသည်။၁၉၄၇ခုနှစ်တွင်ဆူပီးရီးယားရေနံကုမ္ပဏီသည် လူစီယားနားပြည်နယ်၏ပင်လယ်ကွေ့ကမ်းလွန်တွင် ပထမဆုံး သောကမ်းလွန် ရေနံတွင်းတူးစင်ကို တည်ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက်ပိုင်းတွင် အရှေ့အလယ် ပိုင်းနိုင်ငံများသည် ရေနံထုတ်လုပ်မှုကို အမေရိကန်နိုင်ငံမှ လွှဲဟြေင်းရယူပြီး ဦးဆောင်ထုတ်လုပ်ခဲ့သည်။

လုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံ ပြင်ဆင်ရန်

အမေရိကန်ရေနံအဖွဲ့အစည်းသည် ရေနံလုပ်ငန်းကို ကဏ္ဍငါးခုခွဲခြားထားသည်။

  • အပေါ်စီးကြောင်း (ရှာဖွေရေး ၊ တည်ဆောက်ရေးနှင့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး)
  • အောက်စီးကြောင်း (ရေနံတင်သင်္ဘောများ ၊ ရေနံသန့်စင်သူများ ၊ လက်လီရောင်းသူများနှင့် သုံးစွဲသူများ)
  • ပိုက်လိုင်း
  • ရေကြောင်း
  • ဝန်ဆောင်မှုနှင့် ထောက်ပံ့ရေး။

ရေနံကုမ္ပဏီများကို ရောင်းအားအပေါ်မူတည်၍ အမျိုးအစားခွဲထားပုံမှာ “သာလွန်ထူးကဲ” ဘီပီ ၊ ချက်ဗရွန် ၊ အက်ဇွန်မိုဘီ ၊ ကိုနိုကိုဖီးလစ် ၊ ရှဲ ၊ အင်နီ နှင့် တိုတယ် အက်စ်အေ ၊ “အဓိကများ” နှင့် “တစ်သီးပုဂ္ဂလများ” သို့မဟုတ် “လက်ကားရောင်းဝယ် သူများ”။ သို့သော်လည်း မကြာသေးခင်နှစ်များအတွင်းက နိုင်ငံပိုင်ရေနံကုမ္ပဏီ (NOC နိုင်ငံပိုင်ရေနံကုမ္ပဏီ IOC နှင့်ဆန့်ကျင်ဘက်)သည် အကြီးမားဆုံးသော ရေနံသိုမှီးထားရှိမှုများအပေါ် ထိန်းချုပ်နိုင်ခွင့်များရရှိလာခဲ့သည်။ ဤကဲသို့လုပ်ဆောင်မှုများကြောင့်ထိပ်ဆုံးတွင်ရှိသောရေနံကုမ္ပဏီဆယ်ခုသည်နိုင်ငံပိုင်ကုမ္ပဏီများဖြစ်ကြသည်။ အောက်ပါဇယား သည် ရေနံသိုမှီးထားရှိမှုနှင့် ထုတ်လုပ်မှု အပေါ်မူတည်ပြီး အကြီးဆုံးသောရေနံကုမ္ပဏီဆယ်ခုကို အဆင့်အလိုက် ဖော်ပြထားသည်။

ကမ္ဘာ့အကြီးမားဆုံးထိပ်တန်းရေနံကုမ္ပဏီ ၁၀ ခု ၊ သိုမှီးထားရှိမှုနှင့်ထုတ်လုပ်မှုအရ ပြင်ဆင်ရန်

အဆင့် ကုမ္ပဏီ ကမ္ဘာ့အနှံ့အရည်သိုမှီးထားရှိမှု( ၁၀bbl) ကမ္ဘာ့အနှံ့သဘာဝဓာတ်ငွေ့ (၁၀ft3) စုစုပေါင်းရေနံသိုမှီးထားရှိမှု ကုမ္ပဏီ ထုတ်လုပ်မှု (၁၀bbl/d)
ဆော်ဒီအာရမ်ကို ၂၆၀ ၂၅၄ ၃၀၃ ဆော်ဒီအာရမ်ကို ၁၁.၀
အမျိုးသားအီရန်ရေနံကုမ္ပဏီ ၁၃၈ ၉၄၈ ၃၀၀ အမျိုးသားအီရန်ရေနံကုမ္ပဏီ ၄.၀
ကာတာရေနံ ၁၅ ၉၀၅ ၁၇၀ ကူဝိတ်ရေနံကော်ပိုရေးရှင်း ၃.၇
အီရတ်အမျိုးသားရေနံ ၁၁၆ ၁၂၀ ၁၃၄ အီရတ်အမျိုးသားရေနံ ၂.၇
ဗင်နီဇွဲလားရေနံကုမ္ပဏီ ၉၉ ၁၇၁ ၁၂၉ ဗင်နီဇွဲလားရေနံကုမ္ပဏီ ၂.၆
အဘူဒါဘီအမျိုးသားရေနံကုမ္ပဏီ ၉၂ ၁၉၉ ၁၂၆ အဘူဒါဘီအမျိုးသားရေနံကုမ္ပဏီ ၂.၆
ကူဝိတ်ရေနံကော်ပိုရေးရှင်း ၁၀၂ ၅၆ ၁၁၁ မက်ဆီကိုရေနံကုမ္ပဏီ ၂.၅
နိုင်ဂျီးရီးယားအမျိုးသားရေနံကော်ပိုရေးရှင်း ၃၆ ၁၈၄ ၆၈ နိုင်ဂျီးရီးယားအမျိုးသားရေနံကော်ပိုရေးရှင်း ၂.၃
လစ်ဗျားနိုင်ငံရေနံကုမ္ပဏီ ၄၁ ၅၀ ၅၀ လစ်ဗျားနိုင်ငံပိုင်ရေနံကုမ္ပဏီ ၂.၁
၁၀ ဆိုနာထရတ် ၁၂ ၁၅၈ ၃၉ လုက်အွိုင်း ၁.၉

ရေနံမြေ သို့မဟုတ် ရေနံတွင်းတွင် အထက်စီးကြောင်းအလုပ်တော်တော်များများသည် တွင်းတူးကန်ထရိုက်တာ များနှင့် ရေနံမြေဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများသို့ ကန်ထရိုက်ချပေးသည်။

ပတ်ဝန်းကျင်သက်ရောက်မှုနှင့် အနာဂတ်မလုံလောက်မှုများ ပြင်ဆင်ရန်

အချို့သောရေနံလုပ်ငန်း ဆောင်ရွက်မှုများသည် ရေနံချက်လုပ်ရာမှ ရရှိသည့် ဘေးထွက်ပစ္စည်းများနှင့် ရေနံယိုဖိတ်မှုတို့မှ တစ်ဆင့်ဖြစ်ပေါ်လာသည့် ရေထုညစ်ညမ်းမှုအတွက် တာဝန်ရှိသည်။ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများ ပေါက်ကွဲမှုသည် ဖန်လုံအိမ်ဓာတ်ငွေ့နှင့် အခြားသော ဘေးထွက်ပစ္စည်းအဖြစ် လေထုညစ်ညမ်းစေသည့်ပစ္စည်းများထုတ်လုပ်ပေးသည်။ ညစ်ညမ်းစေသည့် ပစ္စည်းများတွင် နိုက်ထရိုဂျင်အောက်ဆိုဒ် ၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ အငွေ့ပျံလွယ်သော အော်ဂင်းနစ်ဓာတ်ပေါင်းများနှင့် သိပ်သည်းဆများသည့် သတ္တုများ ပါဝင်သည်။

ရေနံသည်ပြန်လည်အသစ်မဖြစ်နိုင်သောသဘာဝအရင်းအမြစ်ဖြစ်သည့်အတွက်ရေနံလုပ်ငန်းသည်နောက်ဆုံးတွင်ကမ္ဘာ့ရေနံထုတ်လုပ်ပေးခြင်းလျော့နည်းလာမှုနှင့်ရှောင်လွှဲ၍မရနိုင်ပဲထိပ်တိုက်ကြုံတွေ့ရမည်။ ကမ္ဘာ့စွမ်းအင် ၂၀ဝ၇ ၏ ဘီပီ စာရင်းအင်းလေ့လာသုံးသပ်မှုတွင် ကမ္ဘာ့တစ်ဝန်းသေချာပေါက်ရှိပြီးသား အရင်းအမြစ်များအတွက် သိုမှီးထားရှိမှု ထုတ်လုပ်မှုအချိုး စာရင်းထုတ်ပြန်ခဲ့သည်။ လေ့လာမှုတွင်သေချာပေါက်ရှိပြီးသားသိုမှီးထားရှိမှုများ၏ရှေ့မျှော်မှန်းရသောဘဝသက်တမ်းသည်အရှေ့အလယ်ပိုင်းတွင်ရ၉.၅နှစ်၊လက်တင်အမေရိက၄၁.၂နှစ်နှင့်မြောက်အမေရိက၁၂နှစ်အသီးသီးဖြစ် သည်။ ဟားဗတ် အထွတ်အထိပ်အဆိုပြုချက်သည် အထွတ်အထိပ်ရောက်နေသည့် ရေနံ၏ သဘောသဘာဝကို ဖွင့်ပြသွားခဲ့သည်။ ဟားဗတ်အဆိုပြုချက်သည် ရေနံထုတ်လုပ်မှု၏ ရေရှည်တည်တံ့နိုင်မှုကို မေးခွန်းထုတ်ထားသည်။ အကြံပြုထားသည်မှာရေနံထုတ်လုပ်မှုနှုန်းအမြင့် ဆုံးရောက်ပြီးခဲ့လျှင်ရေနံလျော့နည်းလာမှုသည်နောက်မှ လိုက်ပါလာရမည်ဖြစ်သည်။ အိုင်ဘစ်ကမ္ဘာ(IBIS)မှသုတေသနတွေ့ရှိ ချက်အရ ၊ ဇီဝလောင်စာ(အဓိက အီသနော၊ သို့သော်ဇီဝဒီဇယ် လည်းဖြစ်သည်။) သည်ရေနံလိုအပ်ချက်ကိုဆက်လက်ဖြည့်စွက်လာလိမ့်မည်။ သို့သော်လည်းထွက်ရှိမှုအဆင့်များသည် နိမ့်ကျနေပြီး၊ ထိုဇီဝလောင်စာများသည်ဒေသရေနံထုတ်လုပ်မှုကိုနေရာဖယ်ရှားပစ်ရန်လည်းမဖြစ်နိုင်ပါ။ အမေရိကန်နိုင်ငံတွင်သုံးစွဲနေသည့်အီသာနော၉၀ရာခိုင်နှုန်းကျော်သည်လောင်စာဆီတွင်ပါဝင်သည့်အောက်ဆီဂျင် ကိုမြှင့်တင်နိုင်ရန် အတွက် ဓာတ်ဆီနှင့်ရောနှောပြုပြင်ပြီး၊ အီသာနော ၁၀ ရာခိုင်နှုန်း ပါသည့် အရောလောင်စာဆီကို ထုတ်လုပ်သည်။