ရေနွေးငွေ့တာဘိုင် ရဟတ်စက်

၁၉၁၀ ခုနှစ်ထုတ် ၂၅၀ ကီလိုဝက် ရှိသည့် တာဘိုင်ရဟတ်စက်အား လျှပ်စစ်ဂျင်နရေတာနှင့်တိုက်ရိုက်ချိတ်ဆက်ထားသည်ကိုတွေ့ရပုံ

ရေနွေးငွေ့တာဘိုင် ရဟတ်စက်များသည် ဖိသိပ်ထားသော ရေနွေးငွေ့အား အပူစွမ်းအင်ထွက်ပေါ်လာစေပြီး ထိုစွမ်းအင်ဖြင့် အထွက်ပြွန်ရှိမောင်းတံကို လှည့်ပတ်စေခြင်းနည်းအသုံးပြု၍ စက်ကိရိယာအားအလုပ်လုပ်စေသော ကိရိယာတမျိုးကိုခေါ်ဆိုသည်။ ထိုကိရိယာ၏ခေတ်မီပုံစံအား ၁၈၈၄ခုနှစ်တွင် ချားလက်စ် ပါစန်စ် ဆိုသူက တီထွင်ဖန်တီးခဲ့သည်။ ၎င်းသည် ပုံမှန်အားဖြင့် လျှပ်စစ်ဓာတ်အားထုပ်လုပ်ရန်အတွက် ဂျင်နရေတာတစ်ခုဖြင့် ချိတ်ဆက်ထားလေ့ရှိသည်။ ရေနွေးငွေ့ထုတ်လုပ်ရန်အပူအား ကျောက်မီးသွေးအား လောင်ကျွမ်းစေခြင်း၊ အမှိုက်မီးရှို့စက်၊ အကြီးစားစက်မှုလုပ်များမှစွန့်ထုတ်သော စွန့်ပစ်အပူများ၊ နျူးကလီးယား ရီအက်တာများ သို့မဟုတ် သဘာာဝမှရရှိသည့် နေရောင်ခြည် သို့မဟုတ် မြေအောက်အပူရှိန်များကဲ့သို့သော လောင်စာများမှရရှိသည်။

ရေနွေးငွေ့တာဘိုင်ရဟတ်စက်များအား အရွယ်အစားမျိုးစုံဖြင့် တွေ့ရှိရပြီး ပန့်များနှင့် အခြားစက်ကိရိယားများ အတွက် အသေးဆုံး(၀.၇၅kW ထက်နည်း) မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် အကြီးဆုံး (၁၅၀၀၀၀၀kW) ထိတွေ့ရတတ်သည်။[၁][၂]

အခြားအကြောင်းအရာများပြင်ဆင်

တာဘိုင်ရဟတ်စက်များ

ကိုးကားပြင်ဆင်

  1. Stodola 1927.
  2. "Sir Charles Algernon Parsons". Encyclopædia Britannica. n.d. Retrieved 2010-09-19.