ရေပုန်းရပ်ကွက်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ရေပုန်းရပ်ကွက် (အင်္ဂလိပ်: Yepone quarter) သည် မြန်မာနိုင်ငံ တောင်ဘက်ရှိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ပါဝင်သော ရပ်ကွက်တစ်ခုဖြစ်သည်။ တောင်ဘက်တွင် တပ်ပြင်ရပ်ကွက်၊ အနောက်ဘက်တွင် ငြိမ်းချမ်းရေးရပ်ကွက်၊ သာကေတရပ်ကွက်၊ ငြိမ်းချမ်းသာယာရပ်ကွက်၊ အဏ္ဏဝါငြိမ်းချမ်းရေးရပ်ကွက်၊ အရှေ့ဘက်တွင် အောင်ချမ်းသာရပ်ကွက်၊ မြောက်ဘက်တွင် ရေပုန်းကြီးရပ်ကွက် တို့ဖြင့် နယ်မြေချင်းထိစပ်လျက် တည်ရှိသည်။ အဓိကလမ်းမကြီးဖြစ်သော ကလွင်လမ်းမကြီး သည် ရပ်ကွက်၏ ဗဟိုခန့်မှ ဖြတ်သန်းသွားသည်။ ရပ်ကွက်၏ တည်ရှိမှုပုံစံမှာ ယေဘုယျအားဖြင့် လမ်းမကြီး၏ ဝဲယာတစ်လျှောက် တောင်မြောက်သွယ်တန်းလျက်ရှိသည့် ပုံသဏ္ဌာန် ဖြစ်သည်။
ဤ တနင်္သာရီတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |