ရေဝတီ သည် နာလကရွာ၌ နေထိုင်သည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ရေဝတီသည် အသျှင်သာရိပုတြာ၏ သာဓုကီဠနသဘင်ဆင်ယင်ကျင်းပသည့်ပွဲ၌ သေဆုံးခဲ့ကာ နတ်ပြည်တွင် နတ်သမီးဖြစ်ခဲ့သူတစ်ဦး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

အသျှင်သာရိပုတြာသည် နေအိမ်ပြာသာဒ်ထက်ရှိ ဖွားမြင်ခဲ့ရာ တိုက်ခန်းတွင်ပင် ပရိနိဗ္ဗာန်ပြုလေ၏။ ထိုအခါ နာလကရွာတွင် မထေရ်၏ သာဓုကီဠနသဘင်ကို စည်ကားစွာ ကျင်းပလေ၏။ ထိုသဘင်ပွဲသို့ လူအများ နတ်အများ လာရောက်ကာ ရှိခိုးပူဇော်ကြ၏။ [၁]

ထိုအထဲတွင် မထေရ်မြတ်၏ ဒါယကာမတစ်ဦးဖြစ်သည့် ရေဝတီဟု အမည်ရသည့် အမျိုးသမီးသည်လည်း ရှိခိုးပူဇော်ရန်အတွက် ရွှေပန်းအိုးသုံးအိုးတို့ဖြင့် သဘင်ကျင်းပရာသို့ ရောက်လာ၏။ ထိုအခါ သိကြားမင်းသည် လူ့ပြည်သို့ မထေရ်အား ပူဇော်ရန် ဆင်းလာချိန် ဖြစ်၏။ လူအုပ်ကြီးသည် သိကြားမင်းဆင်းလာသဖြင့်‌ နောက်သို့ဆုတ်လေရာ ကိုယ်ဝန်လွယ်ထားရသူဖြစ်သည့် ရေဝတီသည် အများကဲ့သို့ မဆုတ်နိုင်သဖြင့် ထိုနေရာတွင်ပင် လူအနင်းခံရကာ ဆုံးပါးကွယ်လွန်ခဲ့၍ နတ်သမီးဖြစ်ခဲ့သည်။[၁]

နတ်သမီးဘဝ ပြင်ဆင်ရန်

ရေဝတီနတ်သမီး၏ ခန္ဓာကိုယ်သည် ရတနာတုံး ရတနာစိုင်ကြီးကဲ့သို့ ဖြစ်ကာ သုံးဂါဝုတ်ခန့် ပမာဏရှိသည်။ အဆင်တန်ဆာတို့သည် လှည်းအစီး ခြောက်ဆယ်ခန့် ရှိ၏။ အခြံအရံ နတ်သမီး တစ်ထောင်ရှိ၏။

ရေဝတီနတ်သမီးသည် မိမိနတ်သမီးဖြစ်လာသည်ကိုပင် ချက်ချက်မသိရှိဘဲ အခြံအရံနတ်သမီးတို့က ကိုယ်လုံးပေါ်မှန်ကို ပြသသည့်အခါမှ နတ်သမီးဖြစ်ကြောင်း သိလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဓမ္မာစရိယဦးအေးနိုင် (ဘီအေ) (ဩဂုတ်လ ၂၀၁၀)။ ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ။ အခန်း - ၄၀၄၊ တိုက် - ၆၊ ညောင်တန်းအိမ်ရာ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: အလင်းသစ်စာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)