ရေအား (ဂရိ: ύδωρ, "water") သည် ကျနေသောရေ သို့မဟုတ် လျင်မြန်စွာ စီးဆင်းသည့်ရေစွမ်းအင်မှ ရရှိသည့် စွမ်းအားဖြစ်သည်။ ရှေ့ယခင်ကပင် ရေအားကို ဆည်သွင်းစိုက်ပျိုးရေးအတွက် ဖွံ့ဖြိုးမြဲစွမ်းအင်ပင်ရင်းအဖြစ် အသုံးချခဲ့ကြသည်။ ၁၉ ရာစုနှောင်းပိုင်းတွင် ရေစွမ်းအင်သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၏ ပင်ရင်းတစ်ခု ဖြစ်လာခဲ့သည်။ Northumberland ရှိ Cragside သည် ၁၈၇၉ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားဖြင့် ပါဝါပေးသည့် ပထမဆုံးအိမ်ဖြစ်သည်။[၁] ပထမဆုံး စီးပွားဖြစ် ပါဝါစီမံကိန်းမှာ နိုင်ယာဂရာ ရေတံခွန်၌ ၁၈၇၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၁၈၇၉ ခုနှစ်တွင် နိုင်ယာဂရာ၏ လမ်းမီးများကို ရေအားဖြင့် မီးပေးခဲ့သည်။ ၂၀ ရာစုအစောပိုင်းကတည်းက ရေအားလျှပ်စစ်သည် တွင်ကျယ်လာခဲ့သည်။ ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများက ရေအားလျှပ်စစ် ဖွံ့ဖြိုးမှုအား လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် မရောက်ရှိစေဘဲ စီးပွားရေး တိုးတက်မှုအဖြစ် ရှုမြင်သည်။[၂] သို့သော်လည်း ရေကာတာများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို ဖြစ်စေသည်။[၃]

အမေရိကန်ရှိ စိန့်အန်တိုနီ ရေတံခွန်မှ ရေအားလျှပ်စစ်

ကိုးကား ပြင်ဆင်ရန်

  1. Cragside Visitor Information။ The National Trust။ 16 July 2015 တွင် ပြန်စစ်ပြီး။
  2. Howard Schneider။ "World Bank turns to hydropower to square development with climate change"၊ 8 May 2013။ 9 May 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 22 July 2013။ 
  3. Nikolaisen, Per-Ivar . "12 mega dams that changed the world (in Norwegian) Archived 26 January 2016 at the Wayback Machine." In English Archived 9 September 2015 at the Wayback Machine. Teknisk Ukeblad, 17 January 2015. Retrieved 22 January 2015.