ရောဂါဗေဒ

ရောဂါလက္ခဏာများကိုလေ့လာသည့် ပညာရပ်

ရောဂါဗေဒ (အင်္ဂလိပ်: Pathology) သည် ရောဂါများကို ကြောင်းကျိုးဆက်နွှယ်စွာ လေ့လာသည့် ဘာသာရပ်တစ်ခု ဖြစ်ပြီး ဆေးပညာနှင့် ရောဂါရှာဖွေခြင်းတို့တွင် အဓိကပါဝင်ပတ်သက်နေသော ပညာရပ်ဖြစ်သည်။ ရောဂါဗေဒ ဆိုသော စကားလုံးသည် ယေဘူယျအားဖြင့် ရောဂါများကို လေ့လာခြင်းဖြစ်ပြီး ဇီဝသိပ္ပံ သုတေသနလုပ်ငန်းများနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လျက်ရှိသည်။

ဤသည် အချစ် နမူနာရင်သားကင်ဆာတစ်ခုစိမျ့ ductal carcinoma ပါရှိသည်။ ဤလူနာအတွက်အကောင်းဆုံးဓာတုကုထုံးကိုဆုံးဖြတ်သည့်အမှတ်အသားများကိုရှာဖွေရန်ရောဂါဗေဒပညာရှင်တစ် ဦး သည် immunohistochemistry နှင့် ချောင်း in-situ စပ် ကိုအသုံးပြုလိမ့်မည်။
ဘက်တီးရီးယား:ဘက်တီးရီးယားကိုလိုနီများရှိ Agar ပြား။

ရောဂဗေဒသည် သဘာဝသိပ္ပံပညာမှ ခွဲထွက်သောပညာ ရပ် ဖြစ်သည်။ ဤပညာရပ်သည် လူတိရစ္ဆာန်တို့၌ ဖြစ်တတ် သော ရောဂါဟူသရွေ့ကို ရှာဖွေလေ့လာပြီးလျှင် ရောဂါဖြစ်ပေါ် ခြင်း၏ အကြောင်းရင်းနှင့် မည်ကဲ့သို့ ရောဂါဖြစ်ပေါ်ခြင်း၏ အကြောင်းရင်းနှင့် မည်ကဲ့သို့ရောဂါ ဖြစ်ပေါ်လာခဲ့သည်ကို သိပ္ပံနည်းနှင့် လေ့လာသော ပညာရပ်လည်း ဖြစ်သည်။

မနုဿရောဂဗေဒသည် လူသားတို့၌ ဖြစ်တတ်သော ရောဂါဟူသရွေ့ကို ကာယဘေဒ၊ ဇီဝကိစ္စဗေဒနှင့် ဇီဝဓာတုဗေဒ တို့အပေါ်တွင် မူတည်၍ ရှာဖွေလေ့လာခြင်းကို ဆိုလိုပေသည်။ လူသားများသည် ယဉ်ကျေးမှုတိုးတက်လာသည့်အချိန်မှစ၍ ရောဂါများ၏ အကြောင်းရင်းကို တဖြည်းဖြည်း စိတ်ပါဝင်စား လာကြသည်။ သို့ရာတွင် ဂရိတို့ ကောင်းစားသောခေတ်၌ ဂရိသမားတော်ကြီး ဟစ်ပေါကရာတီ အသက်ထင်ရှားရှိနေစဉ် အချိန်မှစ၍ နောင်နှစ်ပေါင်း တစ်ထောင်ခန့် ရောဂဗေဒ မဖြစ် ပေါ် မထွန်းကားခဲ့ပေ။ ဤကဲ့သို့ ဖြစ်ရခြင်းအကြောင်းမှာ ဂရိ ဆေးပညာတွင် ကာယဘေဒနှင့် ဇီဝကိစ္စဗေဒကို မထွန်းကား ခဲ့ခြင်းကြောင့် ဖြစ်လေသည်။ ဂရိခေတ် ကုန်ဆုံးပြီးနောက် ဆေးပညာရှင်များသည် ကာယဘေဒနှင့် ဇီဝ ကိစ္စဗေဒတို့ကို ပိုမို လေ့လာကြခြင်းကြောင့် တဖြည်းဖြည်း ရောဂဗေဒပညာ ရုပ်လုံးပေါ်လာခဲ့လေသည်။

ခရစ် ၁၇၆၁ ခုနှစ်တွင် ဣတာလျံလူမျိုး သမားတော်ကြီး မော်ဂါညီသည် ရောဂဗေဒကို အမှီပြု၍ ဆေးကျမ်းတစ်စောင် ရေးသားထုတ်ဝေခဲ့သည်။ ထိုအချိန်မှစ၍ သမားတော်များသည် ရောဂါများကို ရှာဖွေလေ့လာရာတွင် ရောဂါဖြစ်၍ ပြုပြင် ပြောင်းလဲခြင်း ခံရသော လူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို ရောဂါ၏ ပြင်ပလက္ခဏာများနှင့် ယှဉ်တွဲကြည့်ကြသည်။ ဤသို့သော အလေ့အကျင့်များကို ပြုလုပ်ရာတွင် သမား တော်များသည် အသက်ရှင်နေသည့် လူများတွင်သာမဟုတ်ဘဲ ရောဂါအမျိုးမျိုးနှင့် သေဆုံးသူများ၏ အလောင်းများကိုလည်း ခွဲစိတ်ကြည့်ရှု မှတ်သားလျက် ရောဂါအမည်များကို တိတိ ကျကျ ဖော်ပြကြလေသည်။

ယခုခေတ် ရောဂဗေဒပညာရှင်များသည် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ပြောင်းလဲမှုများကို မျက်မြင်နှင့်သာ တင်းတိမ်မနေသေးဘဲ ယင်းသည့်အစိတ်အပိုင်းများ အတွင်းရှိ ဓာတ်ဝတ္ထုများ မည်ကဲ့သို့ ပြောင်းလဲမှု ရှိသည်ကို အသေအချာ သိလိုသဖြင့် အောက်ပါခေတ်ပေါ်နည်းများကို အသုံးပြု၍ သုတေသန ပြုကြပေသေးသည်။ ပုံစံများကား အဆင့်ဆင့် ဆန့်ကျင်ပုံ အဏုကြည့်မှန်ဖြင့် လေ့လာနည်း၊ ရောင်ပြောင်း တောက်ပုံ အဏုကြည့်မှန်ဖြင့် လေ့လာနည်း၊ အီလက်ထရွန် အဏုကြည့်မှန်ဖြင့် လေ့လာနည်း၊ ခွဲစိတ်၍ အဏုကြည့်မှန်ဖြင့် လေ့လာနည်း၊ တစ်သျှူးဓာတုဗေဒနည်း၊ အလွန်ပြင်းထန်သော အရှိန်ဖြင့် ဗဟိုခွာနည်း အစရှိသည်တို့ ဖြစ်သည်။ ထို့ပြင် ရေဒီယို အိုင်ဆိုတုပ်များကို သုံး၍ ရောဂါရှာဖွေ လေ့လာနိုင်ကြ သဖြင့် ရောဂဗေဒပညာသည် နှစ်အနည်းငယ်အတွင်း အလွန် ကြီးပွား တိုးတက်လာသည်။

ရောဂဗေဒပညာသည် ဆေးပညာ၏ အခြေခံပညာ ဖြစ် သဖြင့် ဓနသဟာယနိုင်ငံများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ဆေးသိပ္ပံကျောင်းများတွင် တတိယနှစ်နှင့် စတုတ္ထနှစ် ဆေး ကျောင်းသားများအား မျက်မြင်ကိုယ်တွေ့ နှစ်နှစ်တိတိ သင် ကြားပေးလျက် ရှိပေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)