ရောင်စဉ် ခွဲခြမ်းစိတ်ဖြာ ကိရိယာ

ရောင်စဉ် ခွဲခြမ်းစိတ်ဖြာ ကိရိယာ (spectrum analyzer) ဆိုသည်မှာ အဝင်ဆစ်ဂနယ် များ၏ ပမာဏကို ကြိမ်နှုန်း နှင့် နှိုင်းယှဉ်၍ တိုင်းတာနိုင်သော ကိရိယာတစ်မျိုး ဖြစ်သည်။ အဓိက အသုံးပြုရာနေရာမှာ မူလက သိရှိထားပြီးသား နှင့် မသိရှိသေးသော အချက်ပြလှိုင်း တို့၏ ပါဝါကို တိုင်းတာရာတွင် အသုံးပြုသည်။ ပုံမှန်အားဖြင့် ရောင်စဉ် ခွဲခြမ်းစိတ်ဖြာ ကိရိယာမှ လက်ခံနိုင်သော ဆစ်ဂနယ်များမှာ လျှပ်စစ် ဆစ်ဂနယ်များသာ ဖြစ်သော်လည်း သက်ဆိုင်သော ဆစ်ဂနယ်ပုံပြောင်းကိရိယာ သို့မဟုတ် ထရန်ဂျူဆာများကို အသုံးပြုပါက အသံလှိုင်း များနှင့် အလင်းလှိုင်းများတွင် ပါဝင်သော ကြိမ်နှုန်းများကိုလည်း တိုင်းတာ နိုင်သည်။

ရောင်စဉ်ခွဲခြမ်းစိတ်ဖြာ ကိရိယာ
ရောင်စဉ်ခွဲခြမ်းစိတ်ဖြာ ကိရိယာ၏ ဖန်သားပြင်