ရောဟီဏီမြစ် သည် နီပေါနိုင်ငံ လုမ္ဗနီဇုန်ရှိရာ Rupandehi ခရိုင်နှင့် Siwalik တောင်တန်းမှ စတင်ကာ တောင်ဘက်သို့ အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ်သို့ စီးဆင်းလျက်ရှိသည်။ Gorakhpur တွင် ရောဟီဏီမြစ်သည် အနောက်ရပ်တီမြစ် ( West Rapti River) ၏ ဘယ်ဘက်ကမ်းမြစ်လက်တက် အဖြစ် စတင်ခဲ့သည်။ Gaura Barhaj အထက်ရှိ Ghāghara မြစ်နှင့် တွေ့ဆုံသည်။ ထို့နောက်တွင် Ghagharaမြစ် သည် Ganges မြစ်နှင့် တွေ့ဆုံသည်။[၁]

ရောဟီဏီနဒီ
रोहिणी नदी
CountryNepal, India
အချက်အလက်များ
မြစ်ဖျားခံရာKapilvastu District and Rupandehi District, south-central Nepal
၈၅၀ m (၂,၇၉၀ ft)
စီးဝင်ရာနေရာWest Rapti River west of Gorakhpur at
၇၅ m (၂၄၆ ft)
26°45′22.8″N 83°19′54.3″E / 26.756333°N 83.331750°E / 26.756333; 83.331750ကိုဩဒိနိတ်: 26°45′22.8″N 83°19′54.3″E / 26.756333°N 83.331750°E / 26.756333; 83.331750
အလျား၁၂၂ km (၇၆ mi)
မြစ်ဝှမ်း အချက်အလက်များ
မြစ်ဝှမ်းအရွယ်၂,၆၈၆ km2 (၁,၀၃၇ sq mi)

ဗုဒ္ဓစာပေရှိ ရောဟီဏီမြစ် ပြင်ဆင်ရန်

ဗုဒ္ဓဘာသာစာပေများ၌ သာကီဝင်မင်းတို့၏ မြို့ ကပိလဝတ်နှင့် ကောလိယမင်းတို့၏ မြို့ ကောလိယသည် ရောဟီဏီမြစ်၏ ကမ်းတစ်ဖက်စီ၌ တည်ရှိကြောင်း ဖော်ပြထားသည်။ မြို့နှစ်မြို့ရှိ သီးနှံစိုက်ပျိုးသူများသည် ရောဟီဏီမြစ်ရေဖြင့် စိုက်ပျိုးကြသည်။ တစ်ခုသောနှစ်တွင် မိုးခေါင်သဖြင့် မြစ်ရေအလုံအလောက်ရရှိမှု မရှိဘဲ ရှိကြရာ နှစ်ဖက်သောကမ်းမှ လယ်သမားများသည် မြစ်ရေကို လယ်အတွင်းသွင်းနိုင်ရန် လုကြလေသည်။ ရေတစ်ကြိမ်သွင်းရုံဖြင့် အသီးအနှံများသည် အောင်မြင်နိုင်သည်ဖြစ်ရာ နှစ်ဖက်မပြေမလည်ဖြစ်ရာမှ လယ်သမားများမှ စခဲ့သော ပြဿနာသည် မငြိမ်းနိုင်ဖြစ်ဘဲ စစ်ပွဲတစ်ခုဖြစ်မည့်အရေးအထိ ကြီးထွားလာခဲ့သည်။ ထိုသို့ နှစ်ဖက်စစ်ဖြစ်ရန် အဆင်သင့် ဖြစ်နေသည့်အချိန်တွင် မြတ်စွာဘုရားသည် မြစ်သို့ ကြွလာကာ တရားပြသဆုံးမသဖြင့် စစ်ဖြစ်မည့်အရေးသည် ငြိမ်းအေးခဲ့သည်။[၂]

ဂေါတမမြတ်စွာဘုရားသည် ကပိလဝတ်ပြည်သို့ ပြန်ရာတွင်လည်း ဤရောဟီဏီမြစ်ကို ဖြတ်ခဲ့သည်ဟု ဗုဒ္ဓစာပေများ၌ ဖော်ပြထားသည်။[၃]

ဖြစ်ရပ်များ ပြင်ဆင်ရန်

၂၀၀၇ - ၂၀၀၈ ခုနှစ်ရေကြီးမှုတွင် အနီးအနားရှိ ဆည်သည် ကျိုးခဲ့ပြီး ခန့်မှန်းခြေ လူ ၂၈ ယောက်မှ ၃၆ ယောက်အထိ သေဆုံးခဲ့ရသည်။ ဖြစ်ခဲ့သည်မှာ ဥတ္တရပဒေသပြည်နယ်၊ Harakhpura ရွာတွင် ဝန်ပိုတင်ဆောင်ခဲ့သည့် ကယ်ဆယ်ရေးလှေသည် ရေကြီးလျက်ရှိသည့် ရောဟီဏီမြစ်အတွင်း မျောပါကာ သေဆုံးခဲ့ရသည်။[၄] လှေအပေါ်တွင် ပါလာသူမှာ ခန့်မှန်းခြေ ၈၅ ဦးမှ ၉၀ ဦးအထိ ရှိခဲ့ပြီး လှေ၏ ခံနိုင်ဝန်မှာ လူ ၃၀ ဦးသာ ဖြစ်သည်။[၅] လှေပေါ်ပါလာသူ အများစုသည် ကလေးများနှင့် အမျိုးသမီးများ ဖြစ်ကြသည်။[၆]

ကိုးကား ပြင်ဆင်ရန်

  1. Google maps view of River rohni
  2. CONFLICT WITH SAKYA SANGH။ 23 August 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2020 တွင် ပြန်စစ်ပြီး။
  3. Jayetilleke၊ Rohan L.။ "Kapilavastu India – Nepal battle of sites"၊ Daily News၊ October 19, 2005။ 2009-01-18 တွင် ပြန်စစ်ပြီး။ Archived from the original on January 28, 2010။ 
  4. "Boat capsizes, 35 feared drowned in UP"၊ Asian News International၊ August 2, 2007။ 2009-01-18 တွင် ပြန်စစ်ပြီး။ Archived from the original on 27 August 2021။ 
  5. "Flood evacuees die in India storm"၊ BBC News၊ August 1, 2007။ 2009-01-18 တွင် ပြန်စစ်ပြီး 
  6. Banerjee၊ Biswajeet။ "Boat accident kills 28 in India"၊ Associated Press၊ August 1, 2007။ 2009-01-18 တွင် ပြန်စစ်ပြီး