ရော်နယ်လ်ဒို

ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံး ကစားသမားတစ်ဦး

ရော်နယ်လ်ဒို အဖြစ်အသိများသော ရိုနာဒူ လူဝိစ် နာဇားယု(ရု) ဂျိ လီမ(ပေါ်တူဂီ: Ronaldo Luís Nazário de Lima) သည် ၁၉၇၆ စက်တင်ဘာ ၁၈[၂] တွင် မွေးဖွားခဲ့ကာ ဘရာဇီးလူမျိုး ဘောလုံးသမားဟောင်းတစ်ဦး (တိုက်စစ်မှူး) ဖြစ်သည်။ စပိန် လာ လီဂါ ကလပ် Real Valladolid အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သည်။ ပေါ်တူဂီဘာသာစကား O Fenômeno (အံ့ဖွယ်ပုဂ္ဂိုလ် - Phenomenon) ဟူ၍ အမည်တစ်မျိုးဖြင့် ထင်ရှားလူသိများကာ[၃] သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားတစ်ဦးအဖြစ် ယူဆကြသည်။ တိုက်စစ်မှူးဆိုသည့် အနေအထားတစ်ရပ်ဆီသို့ အမြင်ရှုထောင့်သစ်တစ်မျိုး ဆောင်ယူပေးခဲ့သူ စွယ်စုံရ တိုက်စစ်မှူး ရော်နယ်လ်ဒိုသည် ၎င်း၏နောက်ပိုင်းတွင် ပေါ်ထွန်းလာခဲ့သော တိုက်စစ်မျိုးဆက်တစ်ခုအပေါ် လွှမ်းမိုးမှုခဲ့လေသည်။ ရရှိခဲ့သော ဂုဏ်ပြုချီးမြှောက်မှုများ၌ ဖီဖာ၏တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆု သုံးကြိမ်၊ ဘောလောန် ဒေါရ် (ရွှေဘောလုံးဆု) နှစ်ကြိမ်ပါဝင်သည်။

ရော်နယ်လ်ဒို
၂၀၁၉၌တွေ့ရစဉ်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ Ronaldo Luís Nazário de Lima
မွေးသက္ကရာဇ် (1976-09-18) ၁၈ စက်တင်ဘာ၊ ၁၉၇၆ (အသက် ၄၇)
မွေးရပ်ဇာတိ ရီယိုဒီဂျနေးရိုးမြို့ဘရာဇီးနိုင်ငံ
အရပ်အမြင့် ၁.၈၃ မီတာ
ကစားသည့်နေရာ တိုက်စစ်မှူး
လူငယ်ဘဝကလပ်များ
၁၉၉၀–၁၉၉၃ São Cristóvão[၁]
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၉၃–၁၉၉၄ Cruzeiro ၁၄ (၁၂)
၁၉၉၄–၁၉၉၆ PSV ၄၆ (၄၂)
၁၉၉၆–၁၉၉၇ ဘာစီလိုနာ ၃၇ (၃၄)
၁၉၉၇–၂၀၀၂ Inter Milan ၆၈ (၄၉)
၂၀၀၂–၂၀၀၇ ရီးယဲလ် မဒရစ် ၁၂၇ (၈၃)
၂၀၀၇–၂၀၀၈ A.C. Milan ၂၀ (၉)
၂၀၀၉–၂၀၁၁ Corinthians ၃၁ (၁၈)
စုစုပေါင်း ၃၄၃ (၂၄၇)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၉၃ ယူ(၁၇) (၅)
၁၉၉၆ ယူ(၂၃) (၆)
၁၉၉၄–၂၀၁၁ ဘရာဇီး အမျိုးသား ဘောလုံးအသင်း ၉၈ (၆၂)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

၎င်း၏ ကစားသမားအစကို Cruzeiro အသင်း၌ စတင်ခဲ့၍ ပီအက်စ်ဗီ သို့ ၁၉၉၄တွင် ပြောင်းရွှေ့သည်။ ဘာစီလိုနာ သို့ ၁၉၉၆ ၌ ထိုစဉ်က စံချိန်တင်ဈေးဖြင့် ရွှေ့ပြောင်းခဲ့ကာ အသက်နှစ်ဆယ်ခန့်တွင် ၁၉၉၆-အကောင်းဆုံးကစားသမား ဖြစ်လာခဲ့သောကြောင့် ယင်းဆုရှင်များအနက် အသက်ငယ်ဆုံး ကစားသမားဖြစ်သည်။ ၁၉၉၇တွင် အင်တာမီလန်က ထပ်မံ၍ စံချိန်တင်ဈေးဖြင့် ခေါ်ယူခဲ့သည်။ ထိုသို့ စံချိန်တင်ဈေးနှစ်ရပ်ကို ချိုးနိုင်သော ပထမပုဂ္ဂိုလ်မှာ မာရာဒိုနာ ဖြစ်၍ ရော်နယ်လ်ဒိုသည် ဒုတိယပုဂ္ဂိုလ်ဖြစ်လာသည်။ အသက် (၂၁)အရွယ်၌ ၁၉၉၇-ဘောလောန် ဒေါရ် (ရွှေဘေယလုံးဆု) ရရှိခဲ့ကာ ထိုဆု၏ အသက်ငယ်ဆုံး လက်ခံရရှိသူဖြစ်လာခဲ့သည်။ (၂၃) နှစ်ခန့်တွင် ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် ဂိုးပေါင်း (၂၀၀) ကျော်သွင်းယူပြီး ဖြစ်လေသည်။ သို့ရာတွင် ဒူးဒဏ်ရာများနှင့် (ဒဏ်ရာအတွက်)ပြန်လည်အားဖြည့်ခြင်းများနောက် သုံးနှစ်ကြာကြာခန့် ဘောလုံးလောကတွင် လှုပ်ရှားဆောင်ရွက်ကစားမှု မရှိသလောက်ဖြစ်ခဲ့သည်။ ထို့နောက် ရေအား မဿရစ်ဿ် (ရီးယဲလ် မဒရစ်)သို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၂-၀၃ လာ လီဂါ ဖလားရရှိခဲ့သည်။ နောက်ထပ်ဒဏ်ရာ ဒဏ်ချက်များကို ခံစားခဲ့ရပြီး ၂၀၁၁တွင် အနားမယူမီ အေစီမီလန်နှင့် ကရင်သီယန်စ်ကလပ် (Corinthians)များတွင် ကစားခဲ့သေးသည်။

ဘရာဇီး အမျိုးသား ဘောလုံးအသင်းအတွက် (၉၈)ပွဲ ကစားခဲ့ပြီး (၆၂)ဂိုး သွင်းယူပေးခဲ့သည်။ ဂိုးအများဆုံးသွင်းသူ ပီလီ၏နောက် ဒုတိယနေရာတွင်ရှိ၏။ ၁၉၉၄ အနိုင်ရ ဘရာဇီးဘောလုံးအသင်းအတွက် အသက် (၁၇)အရွယ်ဖြင့် အငယ်ဆုံးအသငါးသားဖြစ်ခဲ့သည်။ ၁၉၉၈ ဖီဖာကမ္ဘာ့ဖလား ၌ ဖီဖာရွှေဘောလုံးရရှိခဲ့ကာ ဘရာဇီးအသင်းကို ဗိုလ်လုပွဲအထိ ခေါ်ဆောင်ပေးနိုင်ခဲ့၏။ သို့သော်လည်း နောက်ဆုံးပွဲစဉ်မတိုင်မီ နာရီပိုင်းအလိုကစ၍ ကြွက်သားပြဿနာ ခံစားခဲ့ရသည်။ ၂၀၀၂-ကမ္ဘာ့ဖလားတွင် ရှေ့တန်းအတွဲသုံးဦး ရော်နယ်လ်ဒင်ညို (ဘရာဇီးသုံး ပေါ်တူဂီဘာသာစကား - ရော်နယ်ဂျင်ညူ[မှတ်စု ၁]) ၊ ရီဗယ်လ်ဒို တို့နှင့် အတူ ကျော်ကြားသော ကစားသမားဖြစ်၏။ ဗိုလ်လုပွဲ၌ နှစ်ဂိုးသွင်းယူခဲ့ပြီး ပွဲစဉ်တစ်လျှောက် သွင်းဂိုးအများဆုံးဖြင့် ရွှေဖိနပ်ဆုရရှိခဲ့သည်။ ၂၀၀၆ ကမ္ဘာ့ဖလားတွင် ၎င်း၏ ကမ္ဘာ့ဖလား ဂိုးအရေအတွက် (၁၅)ဂိုး ရရှိခဲ့သဖြင့် ထိုအချိန်က စံချိန်တစ်ရပ်လည်းဖြစ်ခဲ့သည်။ ၁၉၉၇ တွင် ကိုပါအမေရိကပြိုင်ပွဲ၌ ပါဝင်ကစားခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ၁၉၉၉ ကိုပါအမေရိကပြိုင်ပွဲတွင်လည်း ပါဝင်ခဲ့ပြီး ထပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့သည်။

၎င်းကစားသက်တမ်းအတွင်း ဈေးကွက်ဖြန့်ကျက်ပေးနိုင်သော ကစားသူတစ်ဦးဖြစ်ကာ ပထမဆုံးရ'နိုက်ကီ မာခယူရီယယ်လ်-R9- ဘွတ်ဖိနပ်များ' (Nike Mercurial) ကို ၁၉၉၈တွင် ရော်နယ်လ်ဒိုအတွက် ဝန်ဆောင်ခ (ပွဲခ) ပေးခဲ့သည်။ ၂၀၀၄ ပီလီရွေးချယ်သော သက်ရှိထင်ရှား ကြီးကျယ်သော ကစားသမား 'ဖီဖာ၁၀၀' တွင် ပါဝင်ခဲ့ကာ ၎င်းကို ဘရာဇီး ဘောလုံးပြတိုက်၊ အီတလီ၊ အင်တာမီလန်၊ မဿရစ်ဿ် (မဒရစ်) ထင်ရှားကျော်ကြားသူများဂုဏ်ပြုမှု(Hall of fame) အသီးသီးတွင် ထည့်သွင်းခြင်းခံရသည်။ အနားယူပြီးနောက် ကုလ၏ ဖွံ့ဖြိုးရေး အစီအစဉ် စေတနာ့သံတမန်အဖြစ် ၂၀၀၀ ၌ ဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ကမ္ဘာ့ဖလားအတွက် သံတမန်တစ်ဦးအဖြစ်လည်း ထမ်းရွက်ခဲ့သည်။ စပိန်ကလပ် Real Valladolid ၏ ရှယ်ယာ ၅၁% ကိုဝယ်ယူခဲ့ပြီးနောက် ၂၀၁၈ စက်တင်ဘာတွင် ရှယ်ယာအများစုပိုင်သူ ဖြစ်လာခဲ့သည်။

မှတ်စု ပြင်ဆင်ရန်

  1. ရော်နယ်လ်ဒို၊ ရော်နယ်လ်ဒင်ညို၊ ရီဗယ်ဒို စာလုံးများမှ 'ရော်' ၊ 'ရီ' သံများသည် အင်္ဂလိပ်အက္ခရာ 'r' (ရ) သံစစ်စစ်များမဟုတ်ပါ၊ 'ရ' နှင့် 'ဟ' ကြားသံဖြစ်၏။

ကိုးကား ပြင်ဆင်ရန်

  1. "Após início pobre em Bento Ribeiro, Ronaldo conquista o mundo" (in Portuguese)၊ 14 February 2011။ 19 September 2015 တွင် ပြန်စစ်ပြီး 
  2. According to Ronaldo: The Journey of a Genius (2005) by James Mosley, Ronaldo was born on 18 September, but was registered on 22 September
  3. Ronaldo Nazário O Fenômeno။ 21 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2020 တွင် ပြန်စစ်ပြီး။