ရဲထွန်းလင်း
၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
ရဲထွန်းလင်း [၁၉၁ဝ(ခန့်) - ၁၉၆၂]
ပြင်ဆင်ရန်ကသာ ခရိုင် မိုးထားမြို့တွင် အဖ ကုန်သည် ဦးရိုး၊ အမိ ဒေါ်သစ်ဖြူ တို့က ၁၉၁ဝ ပြည့်နှစ် (ခန့်)တွင် မွေးဖွား ခဲ့သည်။
ကျောင်းဆရာ၊ အာရှ လူငယ် တော်လှန်ရေး ခေါင်းဆောင်၊ ကာယဗလ နည်းပြ ဆရာ၊ မန္ဈလေး ရုပ်ရှင် လီမိတက် အစုရှင် ဒါရိုက်တာ လူကြီး၊ မန္ဈလေး ရုပ်ရှင် အောက်မြန်မာပြည် တိုက်ခွဲ တာဝန်ခံ စသည်ဖြင့် လုပ်တောင် တာဝန် ယူခဲ့သည်။
ကာယဗလနှင့် အားကစား ဘက်တွင် ဝါသနာပါ လိုက်စား ခဲ့သည်။ ကာယဗလ ဦးရှိန် ထံတွင် ဦးဇော်ဝိတ် နှင့်အတူ တပည့်ခံကာ လေ့ကျင့် လိုက်စား ခဲ့ရာမှ ကာယဗလ ဦးနေဝင်းဟု တွင်ခဲ့သည်။ ကာယဗလ ဘွဲ့ကို အလွန် နှစ်သက်သည်။
မန္ဈလေး ရုပ်ရှင် ပေါ်ပေါက် လာအောင် ကြိုးစား သူများ အနက် အရေးကြီးဆုံး အစိတ်အပိုင်းက ပါဝင် ခဲ့သည်။ အဆင့်အတန်း မြင့်သော ဇာတ်ကား များကို တီထွင်၍ ရုပ်ရှင် ဇာတ်ညွှန်းများ ရေးခဲ့သည်။
စာပေ ဝါသနာရှင် ဖြစ်သည်နှင့် အညီ ရဲထွန်းလင်း၊ ကာယဗလ ဦးနေဝင်း၊ ရေးသူ "?" တို့ဖြင့် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ ရေးခဲ့သည်။ အထူးသဖြင့် သွေးသောက် မဂ္ဂဇင်းတွင် "ကာယဗလ ဦးနေဝင်း" အမည်ဖြင့် ဆောင်းပါးများ၊ ရေးသူ "?" ဟူသော အမည်ဝှက်ဖြင့် 'ဘုရင်နှင့် ကျေးတောသား' ၊ 'မေခလာ'၊ 'ကသီကရီ' ဝတ္ထုရှည် များနှင့် ဝတ္ထုတို များကို ရေးခဲ့သည်။ စစ်မဖြစ် မီက ရေးသား ထုတ်ဝေ ခဲ့သည့် သိန်းလေးဆယ်နှင့် အရေးတော်ပုံ တပ်သား ဝတ္ထုများ၊ လုလင် တက်လမ်း (၁၉၃၅?) နှင့် ထွက်ရပ်လမ်း (၁၉၄ဝ) ကျမ်းများမှာ အထူး ထင်ရှား ခဲ့သည်။ "အရေးတော်ပုံ တပ်သားမှာ အလွန်ကောင်းသော တော်လှန်ရေး ဝတ္ထု ဖြစ်သည်" ဟု သုခက ရေးခဲ့သည်။ "လူငယ်များကို စိတ်ဓာတ် ရင့်သန် တိုးတက် စေသော ဝတ္ထုများကို ရေးလေ့ ရှိသည့် တာဝန်သိ စာရေးဆရာ ....." ဟူ၍ စီးပွားရေး မြင့်ဦးက ဆိုခဲ့သည်။ 'အရေးတာ်ပုံ တပ်သား' ဝတ္ထုကြီးမှာ စာရေး ဆရာကြီး ရဲထွန်းလင်း မွေးထုတ် ပေးလိုက်သော အရေးတော်ပုံ တပ်သားကြီး မျိုးတင့် ..... ၏ မဟုတ်မခံ စိတ်ဓာတ်၊ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ မှန်ရာကို လုပ်ရဲသည့် စိတ်ဓာတ် တို့ကို ကျွန်တော် အားကျ ခဲ့သည် ...." ဟူ၍ မြသန်းတင့်က တင်ပြ ခဲ့သည်။ ကွယ်လွန်ချိန်တွင် ကျန်းမာအောင် အာဟာရ သုံးဆောင်နည်း စာအုပ်ကို ရေးသား နေဆဲပင် ဖြစ်သည်။
၁၉၆၂ ခု ဒီဇင်ဘာ ၁၆ ရက်နေ့ ည ၁၁ နာရီ ၂ဝ မိနစ်၊ အသက် ၅၁ နှစ် အရွယ်တွင် ရန်ကုန် ဆေးရုံကြီး၌ အဆုတ် ကင်ဆာ ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။
စာညွှန်း ။ ။
ပြင်ဆင်ရန်- သုခ။ စာရေးဆရာ ရဲထွန်းလင်း၊ ရှုမဝ (ဇန်နဝါရီ ၁၉၆၃)။ စာ - အချပ်ပို က - ခ။
- စီးပွားရေး မြင့်ဦး။ ကြယ်တပွင့် ွေွ့ကလင့်ငယ်စော၊ သွေးသောက် (ဇန်နဝါရီ ၁၉၆၃)။ စာ ၁၄၈ - ၁၅ဝ။
- မြသန်းတင့်။ က္ဆွန်တော် ဆက်၍ ရေးချင်သော ဝတ္ထုများ (၃)၊ ရှုမဝ (ဇန်နဝါရီ ၁၉၇၃)။ စာ ၁ဝ၁ - ၁ဝ၉။
- အယ်ဒီတာမှ ချစ်သော စာဖတ်သူသို့၊ ငွေတာရီ (ဇန်နဝါရီ ၁၉၆၃)။ စာ ၂၇၇။
- တိုးတက်ရေး မဂ္ဂဇင်း (နိုဝင်ဘာ ၁၉၃၅)။ စာအုပ် ကြော်ငြာ။
- မန္ဈလေးနှင့် စာပေခရီး (၁၉၉၈)။ စာ ၁၃၅။]