ပန်းချီ ရဲနှောင်းကို ၁၉၇၇ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က အဖ ဦးခင်အောင်ဦး(ကာတွန်းအနောင်)နှင့် အမိ ဒေါ်မြတ်မြတ်ထင်တို့မှ ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့နယ်တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် ပန်းချီရေးဆွဲခြင်းကို ဝါသနာခဲ့ပြီး အခါအားလျော်စွာ ဂီတကိုလည်း လေ့လာလိုက်စားခဲ့သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် နောက်ပိုင်း ၁၉၉၆ ခုနှစ်တွင် ယဉ်ကျေးမှုတက္ကသိုလ်ကို ရန်ကုန်မြို့တွင် တက်ရောက်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ကိုစိုးမိုးနိုင်၊ ကိုရဲမာန်(ယခု ကာတွန်း ဝလုံး)၊ ဇာမင်းထိုက်တို့နှင့် အတူ အရပ်လေးမျက်နှာ အမည်ဖြင့် ပြပွဲပြုလုပ်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဇင်မင်းထွန်းနှင့် အတူ Duet အမည်ဖြင့်ပြပွဲပြုလုပ်ခဲ့ပြီး Second Duet ပြပွဲ၊ Another Seven ပြပွဲများတွင် ပါဝင်ပြသခဲ့သည်။