ရဲသေဉ်ရံ
ရဲသေဉ်ရံ (ရဲသင်ရံ လည်းခေါ်) သည် ပဲခူး၌ ဗညားဦး မင်းပြုစဉ်ကပင် အမှုထမ်းသော အမတ်ဖြစ်သည်။ သို့သော် မထင်ရှား။ ဒဂုံသို့ပြေးသော ဗညားနွဲ့က သမိန်မရူးကို နိုင်သည်နောက် သမိန်ဇိပ်ဗြဲကို ခေါင်းဆောင်တင်ကာ ဗညားနွဲ့ထံ သစ္စာခံသည်။ [၁] နောင် ဗညားနွဲ့က ရာဇာဓိရာဇ် နာမံတော်ခံကာ မွန် ၃ ရပ်ကို မင်းပြုသည်နောက် ဟံသာဝတီ-အင်းဝ တိုက်ပွဲများဖြင့် ထင်ရှားလာသည်။ [၂] သမိန်ဘွဲ့လည်း ရသည်။