ရွှေကို (ဘောလုံးသမား)

မြန်မာဘောလုံးသမား

ရွှေကို(၁၃ ဖေဖော်ဝါရီ ၁၉၉၈ ခုနှစ်ဖွား)သည် မြန်မာနိုင်ငံသား ဘောလုံးသမားတစ်ဦးဖြစ်ပြီး ရှမ်းယူနိုက်တက် ဘောလုံးအသင်းမှ ဖြစ်သည်။ ၂၀၁၆ ခုနှစ်မှစ၍ ရွှေကိုသည် လူငယ်တန်းကလပ်မှ အကြီးတန်းကလပ်သို့ ကစားခွင့်ရရှိခဲ့သည်။

ရွှေကို
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ရွှေကို
မွေးသက္ကရာဇ် (1998-01-13) ၁၃ ဇန်နဝါရီ၊ ၁၉၉၈ (အသက် ၂၆)
မွေးရပ်ဇာတိ မြန်မာနိုင်ငံ
ကစားသည့်နေရာ ရှေ့တန်းတိုက်စစ်
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရှမ်းယူနိုက်တက်
အင်္ကျီနံပါတ် ၁၉
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၆– ရှမ်းယူနိုက်တက်
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၃ မြန်မာ ယူ-၁၆ (၁)
၂၀၁၆– မြန်မာ ယူ-၁၉ ၁၀ (၄)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး ၁၁ ဇန်နဝါရီ ၂၀၁၇အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ ၁၁ ဇန်နဝါရီ ၂၀၁၇ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

နိုင်ငံတကာ ကစားသမားဘဝ ပြင်ဆင်ရန်

ရွှေကိုအား မြန်မာ ယူ-၁၆ အသင်းမှ ခေါ်ယူပြီး ၂၀၁၄ ခုနှစ် အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲတွင် ဝင်ရောက်ကစားစေခဲ့သည်။ သူအား ၂ ပွဲဝင်ရောက်ကစားစေခဲ့ကာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကစားသော တရုတ် ယူ-၁၆ အသင်းနှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သည်။[၁]

၂၀၁၆ ခုနှစ်တွင် မြန်မာ ယူ-၁၉ အသင်းတွင် ပါဝင်ခဲ့ပြီး ဩဂုတ်လ၌ ကျင်းပခဲ့သော ကမ္ဘောဇဘဏ်ဖလားတွင် ဝင်ရောက်ကစားခဲ့သည်။ ၂၄ ဩဂုတ် ၂၀၁၆ ခုနှစ်၌ ကစားခဲ့သော ဗီယက်နမ် ယူ-၁၉ အသင်းနှင့် သရေကျသောပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။[၂] ထိုနှစ်နှောင်းပိုင်းတွင်လည်း ၂၀၁၆ ခုနှစ် အာဆီယံ ယူ-၁၉ လူငယ်ချန်ပီယံရှစ် အားကစားပြိုင်ပွဲတွင်ပါဝင်ခဲ့ပြီး ကစားပွဲ ၅ ပွဲတွင် ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့နောက် သူသည် ၂၀၁၆ ခုနှစ် အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် ရွေးချယ်ထားသော လူစာရင်းတွင် ပါဝင်ခဲ့သည်။ ထိုခြေစစ်ပွဲများ၌ ၄ ပွဲပါဝင်ကစားခွင့်ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။


References ပြင်ဆင်ရန်

  1. Myanmar 1-2 ChinaThe AFC (27 September 2013)။ 11 January 2017 တွင် ပြန်စစ်ပြီး။
  2. Myanmar U19 draw Vietnam at KBZ Bank CupAsean Football (24 August 2016)။ 11 January 2017 တွင် ပြန်စစ်ပြီး။