ရွှေကျင်ဂိုဏ်းအုပ်ဆရာတော်
ရှင်ကေသရ (၁၂၂၄ - ၁၃၀၈) သည် "ရွှေကျင်ဂိုဏ်းအုပ်ဆရာတော်" အဖြစ် ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။ [၁]
ဘဝ
ပြင်ဆင်ရန်ဆရာတော်ကို ၁၈၆၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်၊ မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၂ ရက်နေ့တွင် မုံရွာမြို့မြောက်ဖက် ကြည့်ပါယုန်ရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးမှော် - ဒေါ်နှင်းငုံ ဖြစ်သည်။
ငယ်စဉ်ကပင် ပုဗ္ဗာရုံဆရာတော်နှင့် အမရပူရမြို့ ဘုံပျံတောရဆရာတော်ကြီးထံတွင် စာပေများ သင်ကြားတော်မူခဲ့သည်။ ထို့နောက်တွင် စစ်ကိုင်းမြို့ သင်္ဂဇာဆရာတော်ထံ၌ ဆည်းပူး၍ ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ ထို့နောက်တွင် အမရပူရမြို့ ဘုံပျံတောရကျောင်းတွင် သီတင်းသုံးခဲ့သည်။
ထို့နောက်တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးထံ၌ ပညာဆက်လက်သင်ယူပြီးနောက် ၁၂၅၃ ခုနှစ်တွင် ပုသိမ်ခရိုင်၊ ခြောက်အိမ်တန်းရွာသို့ ကြွရောက်သီတင်းသုံးခဲ့သည်။ [၁]
ပျံလွန်တော်မူခြင်း
ပြင်ဆင်ရန်ဆရာတော်သည် ၁၉၄၆ ခုနှစ် မေလ ၃ ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၈ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် ကျမ်းပြုစုခဲ့သည်ဟု မထင်ရှားပေ။ ရွှေကျင်ဂိုဏ်းအုပ်ဆရာတော်အဖြစ် ထင်ရှားသည်။ [၁]