ရွှေကျီးမြင်စေတီတော် သည် မန္တလေးမြို့၏ ကျုံးအနောက် ပြည်ကြီးကျက်သရေရပ်ရှိ စေတီတော်တစ်ဆူ ဖြစ်သည်။[]

ရွှေကျီးမြင်ဘုရားအတွင်း ဘုရားဝတ်ပြုနေကြစဉ်
ရွှေကျီးမြင်ဘုရားတောင်ဘက်မုဒ် (မန္တလေး)

သမိုင်းကြောင်း

ပြင်ဆင်ရန်

အနော်ရထာမင်း၏ မြေးတော် မင်းရှင်စောသည် တိုင်းခန်းလှည့်လည်ရာ မန္တလေးတောင် ပတ်ဝန်းကျင်သို့ ရောက်လာ၏။ ထိုအခါ ရွှေအဆင်းရှိသည့် ကျီးတစ်ကောင်ကို ထူးဆန်းစွာ မြင်တွေ့ရသည်။ ထိုအခါ မှူးမတ်တို့၏ တင်လျှောက်ချက်အရ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်။

စေတီတော်တွင် ရုပ်ပွားတော်တစ်ဆူနှင့် ဓာတ်တော်များ ဌာပနာခဲ့သည်။[]

ပြုပြင်မွမ်းမံမှုများ

ပြင်ဆင်ရန်

အလောင်းစည်သူမင်းကြီးသည် ဓာတ်တော်များကို ဌာပနာတော်မူကာ ပြုပြင်မွမ်းမံခဲ့သည်။

မင်းတုန်းမင်းကြီးသည် မဟန်နကီဇော်ဂျီဆက်သသည့် ဗောဓိသားကို မင်းကြီးကိုယ်တိုင် ဒက္ခိဏသာခါရုပ်ပွားတော်ထုလုပ်ခဲ့သည်။ ၁၂၅၁ ခုနှစ်တွင် ထိုရုပ်ပွားတော်ကို စေတီတော်၏ အာရုံခံတန်ဆောင်းတွင် လိုဏ်ဂူ ဂန္ဓကုဋီဖြင့် ထားရှိခဲ့သည်။ အလောင်းစည်သူမင်း ကိုးကွယ်တော်မူခဲ့သည့် ရှင်မဟာကဿပရုပ်ပွားတော်နှင့် အံတော်တို့ကိုလည်း ပင့်ဆောင်ကျိန်းဝပ်စေခဲ့သည်။

ထို့ပြင် စိန်ဆင်းတု၊ မြဆင်းတု စသည့် နန်းစဉ်ဘုရား ၃၆ ဆူကိုလည်း ပင့်ဆောင်ထားခဲ့သည်။[]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ p. 185။