ရွှေကျောင်းအလှူ တောင်းဆုယူ

အရွှေကျောင်းအလှူ တောင်းဆုယူ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ

ပြင်ဆင်ရန်

ရွှေကျောင်းအလှူ တောင်းဆုယူ

ပြင်ဆင်ရန်

ကျင့်လဇ္ဇီပေသလနှင့်၊ ကာမသိက္ခာပုဒ်ကယ်တို့၊ အားထုတ်ပုံမလွန်ကျူးရဘို့၊ အထူးပင်ရိုသေပုံကြောင့်၊ ဦးဝေပုံအရှင်ဘုန်းငဲ့ကို၊ ရွှေကုန်းတောင်အရွာရွာနှင့်၊ ရွှေထောင်ရွာ တောင်တလျှောက်က၊ ကျောင်းဆောက်ကြလွန်ကြည်ညို။

အမျှဝေချရေစက်တွင်မှ၊ ပြေမဂ္ဂင်ခိုဝင်ရအောင်၊ သံဃဒါနံ လောင်းဝေကြရွှေကြောင်းမြေတတိုက်လုံးမှာ၊ စဆုံးကို ရည်မမှတ်နိုင်ဘု၊ သုံးလေးထပ်ပို။

ဥဒဟို ကုသိုလ်ဖြစ်ကြအောင်၊ ထိုနှစ်နောင်သည်အခါက၊ သည်ဆရာသည်ရွာသားတွေတို့၊ စည်ကားစွာသဒ္ဒါတိုးလို့၊ ဆယ်ကိုးထောင် ကျောင်းတွေဆောက်ရအောင်၊ ခန်းပေါက်စေ့များလူဗိုလ်၊ များပျိုသို့ဆော်ဩ။

နဝကမ္ပံ မြောက်အောင်ပ၊ ပန်လျှောက်ကာခွင့်တော်ပေးပါဟု၊ ဘော်ကြေးငယ် ငွေဖြူနှင့်၊ လေးစတူဒီသာက၊ သူတကာလှူလာကြလို့၊ လာတလာဘ်မစဲပြီဘု၊ မုန့်ခဲဘွယ်အလီလီပ၊ မြတ်သာကီ ကပ္ပိယတွေတို့၊ ညီမျှစွာထုတ်ကာပေးလိုက်ပေါ့၊ ရုပ်သေးဒကာရင်းငယ်က၊ ဝါတွင်းမှီ အင်္ကျီချုပ်ချင်လို့၊ လက်အုပ်ချီ ပဏ္ဏာညောင်းရတော့၊ များပြန်လျှင်ကြားရန် မကောင်းမည်ကြောင့်၊ ကောင်းသာရုံ အတောင်တရာလောကတောင်းချင်ငဲ့၊ ကျောင်းကပိတ်ချော။

၁။ လဇ္ဇီပေသလ = အရှက်အကြောက်တရားကို ထိန်းသိမ်းသူ။

၂။ ကာမ = သိက္ခာကာမ၊ ဣန္ဒြေကို စောင့်ထိန်းသူ။

၃။ သံဃဒါနံ = သံဃဒါနဆွမ်း။

၄။ နဝကမ္ပံ = နဝကမ္မ၊ ကိုးပါးသော အမှုကိစ္စ။

၅။ စတူဒီသာ = စတုဒီသာ၊ အရပ်လေးမျက်နှာ။

မှတ်ချက်

ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။