ရွှေခြည်ငွေခြည် တန်းပါလို့

ရွှေခြည်ငွေခြည် တန်းပါလို့ သည် ၁၉၇၅ ခုတွင် ရိုက်ကူးသော မြန်မာရုပ်ရှင် တစ်ကားဖြစ်သည်။ မင်းသူရိန်ရုပ်ရှင်အတွက် သုခ ရိုက်ကူးပေးရာ ၁၉၇၅ ခု၊ စက်တင်ဘာလတွင် ပြီးစီးသည်။ ညွန့်ဝင်း၊ ခင်ယုမေ၊ ချိုပြုံးနှင့် ဒေါ်မေနွဲ့တို့ သရုပ်ဆောင်ကြသည်။ [၁]

၁၉၇၅ ခု မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဤရုပ်ရှင်က ဇာတ်ကားဆု၊ သုခက ဒါရိုက်တာဆု၊ ခင်ယုမေက အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒေါ်မေနွဲ့က အမျိုးသမီးဇာတ်ပို့ဆု အသီးသီး ရသည်။

ကိုးကား ပြင်ဆင်ရန်

  1. "တလအတွင်း မြန်မာ့ရုပ်ရှင်နှင့် တေးဂီတ"။ သပြေ တေးမဂ္ဂဇင်း၊ အမှတ်စဉ် ၁၀။ ၁၉၇၅၊ စက်တင်ဘာ။