ရွှေထီးဆောင်းတဲ့ ၁၆ ရက် သည် ဒါရိုက်တာ ဘဒ် ဂရင်းစပန် ရိုက်ကူးသည့် အမေရိကန်ကယ်လီဖိုးနီးယားလော့စ်အိန်ဂျယ်လိစ်မြို့တွင် ကျင်းပသော ၁၉၈၄ နွေအိုလံပစ်အကြောင်း ၁၉၈၅ မှတ်တမ်းတင်ရုပ်ရှင် ဖြစ်သည်။[၃][၄] ဤမှတ်တမ်းတင် ရိုက်ကူးမှုတွင် ပါဝင်သော အားကစားသမားများမှာ မာရီ လို ရက်တန်၊ ဂရက် လိုဂါနစ် နှင့် မိုက်ကယ် ဂရော့ တို့ ဖြစ်သည်။

ရွှေထီးဆောင်းတဲ့ ၁၆ ရက်
16 Days of Glory
အခြေခံအချက်အလက်
ဒါရိုက်တာဘဒ် ဂရင်းစပန်
ထုတ်လုပ်သူနန်စီ ဘက်ဖာ
သရုပ်ဆောင်မိုက်ကယ် ဂရော့စ်
ကားလ် လူးဝစ်
နောက်ခံစကားပြောဒေးဗစ် ပယ်ရီ
ဂီတမှူးလီ ဟိုဒရစ်
ဓာတ်ပုံမိုက် ချဲဗာလီယာ
ချတ် ကိုဟင်
ရောဘတ် အီး ကောလင်း
ဂီလ် ဟတ်
မိုက်ကယ် ဒီ မာဂူလီ
တည်းဖြတ်အင်ဒရူး စကွီစီယာရီနီ
ထုတ်လုပ်ရေး
ကုမ္ပဏီ
ကက်ပီ ထုတ်လုပ်ရေး
ယူနိုက်တက်စတိတ် အိုလံပစ်ကော်မတီ
ကြာမြင့်ချိန်
၁၄၅ မိနစ် (ပြဇာတ်ရုံ)
၂၈၄ မိနစ်
နိုင်ငံယူနိုက်တက်စတိတ်
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ဇူလိုင် ၂၉၊ ၁၉၈၅ (၁၉၈၅-၀၇-၂၉) (ပွဲဦး)
  • အောက်တိုဘာ ၂၃၊ ၁၉၈၅ (၁၉၈၅-၁၀-၂၃) (ယူနိုက်တက်စတိတ်)
ထုတ်ဝေသူပါရာမောက်ရုပ်ရှင်
ကုန်ကျငွေဒေါ်လာ ၄ သန်း[၁]
ရောင်းရငွေ$၈၃,၈၅၇ (United States)[၂]

ထိုရုပ်ရှင်မှာ ဗားရှင်းများစွာ ရှိသည်။ ပြဇာတ်ဗားရှင်းမှာ ၂.၅ နာရီ ကြာကာ၊ တီဗီဗားရှင်းက ခြောက်နာရီကြာပြီး၊[၁][၅] ၁၉၈၈ ဇူလိုင်တွင် ခြောက်ပိုင်းပါ မီနီစီးရီးအဖြစ် PBS တွင် ထုတ်လွှင့်ပြသခဲ့သည်။[၁]

၁၉၈၅ ဇူလိုင် ၂၉ တွင် ကယ်လီဖိုးနီးယား ဘီဗာလီဟီးက Academy of Motion Picture Arts and Sciences ၏ ဆင်မျူရယ် ဂိုးဒွင် ဇာတ်ရုံတွင် ရုပ်ရှင်ကို ပရီမီယာပွဲ ဦးဆုံး စပြသည်။[၁][၆]

၁၉၈၅ အောက်တိုဘာ ၂၃ တွင် စတင်၍ ကယ်လီဖိုးနီးယား၊ စန်တာ မိုနီကာ၌ နှစ်ပတ်ကြာအောင် ပြသရသည်။ ၁၉၈၆ မတ် ၇ တွင် နယူးယောက်မြို့၌ ပြသရာ၊ $၈၄,၀၀၀ မြတ်စွန်းသည်။[၁][၂] ၁၉၈၇ ဇန်နဝါရီ ၂၄ တွင် ဒစ္စနေလိုင်းမှ ရုပ်သံအဖြစ် စတင်ထုတ်လွှင့်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ရွှေထီးဆောင်းတဲ့ ၁၆ ရက် at the American Film Institute Catalog
  2. ၂.၀ ၂.၁   Box Office Mojo ပေါ်ရှိ ရွှေထီးဆောင်းတဲ့ ၁၆ ရက်
  3. Announcing 100 Years of Olympic FilmsCriterion။ November 14, 2017 တွင် ပြန်စစ်ပြီး။
  4. Film: '16 Days of Glory,' On Los Angeles OlympicsNew York Times။ November 14, 2017 တွင် ပြန်စစ်ပြီး။
  5. Robbins၊ Jim (September 20, 1985)။ "Olympics Docu Entering Race For Oscar Gold"။ Daily Variety။ p. 3။
  6. Archerd၊ Army (August 1, 1985)။ "Just For Variety"။ Daily Variety။ p. 2။