ရွှေနန်းအောင်ချာ
အောင်ပင်လယ်- ကြာချပ်ကြီးကြိုး
ရွှေနန်းအောင်ချာ
ပြင်ဆင်ရန်ရွှေနန်းအောင်ချာ။ ပြုဗ္ဗာရှေ့ဦးဆီကလေ။ ။
ပျော်ခင်းစံရာ။ နန္ဒာကန်ကြီး တည်ဆီးလို့လေး။ ။
အကျူးယဉ်လေခြင်း။ အဖူးငုံအာဝင်း။ တထူးထွေလာဆန်း။ အဖူးငုံအာလန်း။ ရွှေကြာနီ။ ရွှေကြာဖြူ။ ကြူရယူငယ်လေ သင်းသင်း။ နံ့ရှင်းရှင်း။ အိုင်မင်းအိုင်မင်း ဆဒ္ဒန်။ တူတဲ့ တူမောဟန်။ ။
ပုံသဏ္ဌာန်လေမကွဲ။ ပြိုင် မသာလေဘဲ။ ပျံဝဲ ယှဉ် နွှဲမောင်နှံ။ ငှက်တည့် ငှက်ပေါင်းရံ။ ။
စာနှံ တောင်ပံ နီတွတ်။ နှမနည်းသည့် မောင်ငယ်မှာ။ သင်တည့်သာ သင်းတိုင်းဝတ်။ ။
ချီခင်စွတ်ကယ် ကြင်ဘော်သွေးလို့လေ။ ကြာဘက်ကို နွှင်ကာထွေးလို့လေး။ ။
စုစုငယ်လေ သီးသီး။ ဝေးပင်ဝေးမနီး။ ။
ရွှေပြည်ကြီး လယ်သူ။ ထွားတဲ့ ထွားနုဖြူ။ ။
ကြူစွာသံဝါ ချိုနု။ သျှင်ပင် အင်းခရုငယ်နှင့်လေး။ ။
ကြူစွာလေသံဝွ လေချိုနု။ သျှင်ပင် အင်းခရုငယ်မှာ။ ကျွတ်ဆုငယ်တိုင်။ ကြာခိုင် ကြာခိုင်နှင့်နှင့်လေ။ တူပြိုင် ယှဉျပြိုင် ဆင့်ဆင့်လေး။ ။
နှင်းနှင့်ထုံပန်း။ စမ္ပယ်ခေါင်ရမ်း။ သော်မော် အပြည့်လျှမ်းပါလို့။ မင်းလမ်းစပ်ခါခါလေတည့်။ မင်းလမ်းစပ်ခါခါ။
- အမရပူရနေပြည်တော်၏ အရှေ့မြောက်ယွန်းယွန်းတွင် သျှင်ပင်အုန်းအင်းဘုရား။ သျှင်ပင်အင်းခရုဘုရားဟု။ ရှေးဘုရားကြီးများ တည်ရှိလေသည်။ ယခုမူကား အချို့ ပျက်စီးယိုယွင်းကုန်ကြလေပြီ။
ကျေးဇူးတင်ပါသည်
ပြင်ဆင်ရန်ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/