ရွှေဘိုတက္ကသိုလ်
ရွှေဘိုတက္ကသိုလ် (အင်္ဂလိပ်: Shwebo University) သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ ရွှေဘိုတက္ကသိုလ်တွင် ဝိဇ္ဇာဘာသာရပ်များအတွက် မဟာဝိဇ္ဇာဘွဲ့၊ ဂုဏ်ထူးဘွဲ့နှင့်ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘာသာရပ်များအတွက် မဟာသိပ္ပံဘွဲ့၊ သိပ္ပံ(ဂုဏ်ထူး)ဘွဲ့နှင့်သိပ္ပံဘွဲ့ သင်တန်းများ တက်ရောက်နိုင်သည်။
ရွှေဘိုတက္ကသိုလ် ပင်မဝင်ပေါက် | |
ယခင်အမည်များ | ရွှေဘိုဒေသကောလိပ် (၁၉၇၇) |
---|---|
အမျိုးအစား | အများဆိုင် |
တည်ထောင် | ၁၉၇၇ |
ပါမောက္ခချုပ် | ဒေါက်တာမျိုးမျိုး [၁] |
တည်နေရာ | ရွှေဘိုမြို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ ကိုဩဒိနိတ်: 22°35′30″N 95°43′30″E / 22.59167°N 95.72500°E |
ဝဘ်ဆိုဒ် | https://www.sbu.edu.mm/ |
သမိုင်းကြောင်း
ပြင်ဆင်ရန်မန္တလေးကောလိပ် (ယခု မန္တလေးတက္ကသိုလ်) ၏ လက်အောက်တွင် ရွှေဘိုဒေသကောလိပ်ကို ၁၉၇၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ရွှေဘိုကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် ရွှေဘိုဒီဂရီကောလိပ် အဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လ ၁၃ ရက်တွင် ရွှေဘိုတက္ကသိုလ် ဖြစ်လာခဲ့သည်။[၂]
သင်တန်းများ
ပြင်ဆင်ရန်ရွှေဘိုတက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ (BA)၊ သိပ္ပံဘွဲ့ (BSc) သင်တန်းများကို လေးနှစ်ကာလနှင့်၊ ဂုဏ်ထူးတန်းဘွဲ့များအတွက် ငါးနှစ်ကာလဖြင့် သင်တန်းများ ပို့ချပေးသည်။[၃]
သင်တန်း | ဘွဲ့ | မဟာဘွဲ့ |
---|---|---|
မြန်မာစာ | BA | MA |
အင်္ဂလိပ်စာ | BA | MA |
အရှေ့တိုင်းပညာ | BA | MA |
ပထဝီဝင် | BA | MA |
သမိုင်း | BA | MA |
ဒဿနိကဗေဒ | BA | MA |
ရုက္ခဗေဒ | BSc | MSc |
ဓာတုဗေဒ | BSc | MSc |
သင်္ချာ | BSc | MSc |
ရူပဗေဒ | BSc | MSc |
သတ္တဗေဒ | BSc | MSc |
ဘူမိဗေဒ | BSc | MSc |
ကိုးကား
ပြင်ဆင်ရန်- ↑ ရွှေဘိုတက္ကသိုလ်၌ နဝမအကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ။ MOI Myanmar (၂၄ ဇန်နဝါရီ ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရွှေဘိုတက္ကသိုလ်၏ သမိုင်းအကျဉ်းချုပ်။ SHWEBO UNIVERSITY။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရွှေဘိုတက္ကသိုလ်၌ နည်းပြ/သရုပ်ပြသစ်လွင်များအား ကြိုဆိုပွဲ အခမ်းအနားကျင်းပ။ Myanmar Digital News (၆ မေ ၂၀၂၂)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်
ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |