ရွှေဘိုသနပ်ခါး သီချင်းကို မန္တလာမြင့်၏ အကျော်ကြားဆုံးတေးဟု ဆိုကြသည်။ `အစကတော့ဖြူဖြူ ညိုသွားပြီ၊ အခုတော့ ညိုသွားပြီ၊ ပျိုမှားပါပီရှင် ခေါ်လာမိတယ်´ အစချီ ၎င်းသီချင်းကို နန်းတော်ရှေ့ ဆရာတင်က ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ ဆရာတင်က သူ၏ထုံးစံအတိုင်း `ကြံကြံဖန်ဖန်ရန်ကုန်သူ၊ မန္တလာမြင့်တို့ ရန်ကုန်သူ၊ မန္တလေးရောက်မှ အသားမည်း ပြန်သတဲ့ဆူ´ စသည်ဖြင့် တေးဆိုသူ မန္တလာမြင့်၏ အမည်ကို တေးသီချင်းတွင် ထည့်သွင်းစပ်ဆိုခဲ့သည်။ ဤသီချင်းကို ၁၉၃၈-ခုနှစ်၊ ဇွန်လတွင် ဓာတ်ပြားသွင်းခဲ့၏။ နောင် အဆိုတော် ကိုအံ့ကြီးက ရန်ကုန်သူ အမည်ဖြင့် ပြန်လည်သီဆိုခဲ့သည်။ သို့သော် `အသားရယ်ဖြူ လူပေမို့လား´အစချီစာပိုဒ် တစ်ပိုဒ် မပါဝင်ခဲ့ပေ။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. "မန္တလာမြင့်နဲ့ မစိမ်းစိမ်း ၊ မြို့တမြို့ရဲ့ အမှတ်သင်္ကေတများ"၊ ဘီဘီစီ။