ရွှေဝါပြည် စာအုပ်မှာ ဆရာ ရန်ကုန်ဘဆွေ ရေးသားခဲ့သော စာပေလက်ရာ များစွာထဲမှ လွန်စွာမှ ထင်ရှား ကျော်ကြားလှေသာ စာအုပ်တအုပ် ဖြစ်သည်။ ထိုစာအုပ်မှာ မြန်မာနိုင်ငံ "ဖ.ဆ.ပ.လ" အစိုးရနှင့် တော်လှန်ရေး ကောင်စီ တက်လာပြီး ဗိုလ်ချုပ်နေဝင်း အစိုးရတို့ကို လှောင်ပြောင် သရော် ရေးသားချက်ကြောင့် ပိတ်ပင် ခံထားရေသာ စာအုပ်တအုပ် ဖြစ်သည်။ ယခု မြန်မာ့စာပေ လောကတွင်လဲ ပြန်လည် မထုတ်ဝေတော့ သဖြင့် မူရင်းစာအုပ်မှာ လွန်စွာမှ ရှားပါးလှသည်။ ဈေးလည်း လွန်စွာမှ ကြီးမြင့်လှသည်။ ရှာဖွေဖတ်ရှုမည့် မိတ်ဆွေများအဖို့ စာအုပ် အေဟာင်းဆိုင်များတွင် မိတ္တူကိုသာ ဝယ်ယူ ဖတ်ရှုနိုင်တော့မည် ဖြစ်သည်။ ထိုစာအုပ်ကို စာနယ်မြေပုံနှိပ်တိုက်မှ ထုက်ဝေခဲ့ပြီး၊ စာအုပ် ထုတ်ဝေသော ခုနှစ် သက္ကရာဇ် ကိုမူ မတွေ့ရှိရပါ။ စာအုပ်ထုတ်ဝေစဉ် ကတည်းက ရိုက်နှိပ်ထည့်သွင်း မထားခြင်း ဖြစ်နိုင်သည်ဟု စာရေးသူ၏ ထင်မြင်မိသည်၊ ခန့်မှန်း ယူဆချက်အရ ထိုစာအုပ်ကို ၁၉၆၂ - ၆၃ ခုနှစ်တဝိုက်တွင် ထုတ်ဝေခဲ့သည်ဟု မှန်းဆရသည်။ ဆရာ ရန်ကုန်ဘဆွေ ပုံပြင် စာအုပ်တွင် မြန်မာ ရှင်ဘုရင်ခေတ် လက်ထက်တော်ကြီးဟု ခေါ်ဝေါ်ကြေသာ မင်းတုန်း မင်းတရားကြီး လက်ထက်မှ တော်လှန်ရေး ကောင်စီခေတ် ဗိုလ်ချုပ်နေဝင်း အစိုးရတို့ လက်ထက်တိုင် မြန်မာ့နိုင်ငံရေး ခရီးကို ပုံပြင်ကားချပ် ပြု၍ရေးဖွဲ့ထား၏၊ မြန်မာပြည်ကိုလည်း ရွှေဝါပြည်ဟု ထိုစာအုပ်တွင် ပြောင်းလဲ သုံးနှုံးထားခဲ့၏၊ မြန်မာ့နိုင်ငံရေး သမိုင်းကို ဇာတ်အိမ်ကို ပုံပြင် သဖွယ်ပြု၍ သမိုင်းတွင် ထင်ရှားသော အခန်းကဏ္ဍ မှ ဦးဆောင်ပါဝင် လှုပ်ရှားခဲ့သူများကို အမည်များ ပြောင်းလဲပြီး ပုံပြင်သဖွယ် ရေးသား ဖွဲ့နွဲ့ထားခဲ့ခြင်း ဖြစ်သည်။ အထူးခြားဆုံး အချက်ကေတာ့ ရွှေဝါပြည်ကြီးရဲ့ နောက် ဆုံး တိုင်းပြည်ပျက်ခန်း နိဂုံးကို ရေးသားခဲ့ပါတယ် ။ ရွှေဝါပြည်ကြီးမှာ ခေါင်းဆောင် အချင်းချင်း မညီမညွတ်ဖြစ်မှုကြောင့် ပြည်တွင်းစစ်ကြီး နောက်ဆုံးတွင် ဖြစ်ပွားခဲ့သည်။ ထိုပြည်တွင်း စစ်ကြီးကြောင့် နြူကလီးယား လှောင်ကန်ကြီးကို လက်နက်ကြီး တခုဖြင့် ပစ်ခတ်မိပြီး ထို နြူကလီးယား ကန်ကြီး ပေါက်ကွဲကာ ရွှေဝါပြည်ကြီး ပျက်စီး သွားခဲ့ရသည်။ ယခု တွေ့ရှိခဲ့ရေသာ ဘဂင်္လား ပင်လယ်အော်ကြီးမှာ ရှေးယခင်က ရွှေဝါပြည်ကြီး တည်ရှိခဲ့သော နေရာဖြစ်သည်ဟု ရွှေဝါပြည်ကြီး၏ နိဂုံး၌ ရေးသားခဲ့သည်။