ရွှေဥမင်ဆရာတော် (တောင်ငူခေတ်)

ရွှေဥမင် ဆရာတော်သည် ၉၉၁ ခုနှစ် အဝမြို့တွင် နန်း တက်သော သာလွန်မင်းတရားလက်ထက်တွင် ထင်ရှားသော ဆရာတော်ဖြစ်သည်။ ဘွဲ့တော်မှာ ရှင်ဇမ္ဗူဓဇဖြစ်သည်။ ပုဂံ ငစွယ်ရှင်ဆရာတော် ရှင်သီလဗုဒ္ဓိ၏ အနွယ်ဖြစ်သော ရှင်ဓမ္မ နန္ဒ၏တပည့်ဖြစ်သည်။ ပခန်းကြီးမြို့ ရွှေဥမင်ကျောင်း၌ သီတင်းသုံးတော်မူ သောကြောင့် ရွှေဥမင်ဆရာတော်ဟု တွင် သည်။ ရွှေဥမင်ဆရာတော်သည် ပါဠိအဋ္ဌကထာဋီကာကျမ်းဂန် ကျနသည်။ အနက်မြန်မာ နိုင်နင်းလှသည်။ ဆရာတော်ရေးသား တော်မူခဲ့သည့် ဝိနည်းငါးကျမ်းနှင့် ယင်းအဋ္ဌကထာနိဿယတို့ သည်၊ ယခုတိုင်ပင် ကျော်ကြားလျက်ရှိလေသည်။ ဆရာတော်သည် အလုပ်အကျွေးသူတော် တစ်ယောက်နှင့်သာလျှင် ခေါင်း ခေါင်းပါးပါး နေတော်မူသည်။ မင်းဆရာတော်ဖြစ်သော တောင် ဖီလာ ဆရာတော်က 'ပရိသတ်ခြွေရံ နည်းလှသည်။ ကြောက် တော်မမူလော'ဟု မေးသဖြင့်၊ ရွှေဥမင်ဆရာတော်က 'ကြောက် ၍ပင် ပရိသတ်နည်းနှင့်နေပါသည်'ဟု မိန့်တော်မူသည်။ ( တောင်ဖီလာဆရာတော်။)

သာလွန် မင်းတရားကြီးလက်ထက် 'ဇမ္ဗုဒီပဓဇ'ဟူသော ဘွဲ့တံဆိပ်ကိုအလှူခံရသည်။ ပြုစုသောကျမ်းများမှာ ပါရာဇိကဏ်ပါဠိတော်နှင့် ယင်းအဋ္ဌကထာနိဿယ၊ ပါစိတ်ပါဠိတော်နှင့် ယင်းအဋ္ဌကထာနိဿယ၊ ဝိနည်းမဟာဝါ ပါဠိတော်နှင့် ယင်းအဋ္ဌကထာနိဿယ၊ စူဠဝါပါဠိတော်နှင့် ယင်းအဋ္ဌကထာနိဿယနှင့် ဓာတုဝိဇ္ဇာမယကျမ်းတို့ဖြစ်ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)