ရွှေဥ ကျောင်းဆိုသည်မှာ ဘုန်းကြီးကျောင်း သာဖြစ်လျက် ရပ်တည်ထားရှိရာ ကြောင့် ရှင်ပြုပွဲတို့ အတွက် အလွန် လူကြိုက်များသည်။ သားယောက်ျားလေးတစ်ဦးအတွက် မြန်မာနိုင်ငံတွင် သူ့ ဘဝအတွက် အရေးအကြီးဆုံး အချိန်ကား ဗုဒ္ဓဘာသာ ရဟန်း ဘောင်သို့ တက်ဖို့ အပြုတွင် ကိုရင်တပါး အဖြစ် အစကနဦး ရှင်ပြုခံရဖို့ ဖြစ်ရာ ယင်းရှင်ပြုပွဲသည် အစဉ်အလာအားဖြင့် အကုန်အကျအများဆုံးခံ ဝမ်မြောက်ကြည်နူးရန် အကြောင်းဖြစ်လာသည်။ ရှင်ပြုပွဲ အစီအစဉ်နောက် ကိုရင်လောင်း၏ တကယ်လို့များ ရှိခဲ့လျှင် အမနှင့် နှစ်မများ သို့မဟုတ် အခြား မိမ္မသူ ဆွေမျိုးတို့က တရပ်လုံးကျော်အောင် (လာတော့မည့် ရှင်ပြု အလှူတော် အကြောင်း ကြော်ငြာ မောင်းခတ်သလို) အပြတ်သတင်း ကြေညာခြင်း ပြုကြပါတော့သည်။

လူတိုင်းကို ဖိတ်မဏ္ဍက ပြုသလို လူတိုင်း ကလည်း အလှူတော် မင်္ဂလာ အတွက် ကုန်ကျကြရမှု့က လည်းများလွန်းသောကြောင့် ထည့်ဝင်ကူညီကြပါကုန်၏ အထူးသဖြင့် ရှင်လောင်း မိဖိတို့က ကြွဝ မဟန်သာဖြစ်လျှင် မကြာခဏ သူတို့တတ်နိုင်သမျှ ( အိပ်သွန်ဖာမှောက် ) သူတို့သားများ ရှင်လောင်းမှသည် ဝါဝါအဆင်းနှင့် ရှင်ဘဝ ရောက်ကြရမည့် အတွေးနှင့် အရေး အထူးပေးလိုက်ကြသည်မှာ ဗုဒ္ဓ ဘာသာတို့မှာ ရှင်မပြုရသေးသမျှ တိရစ္ဆာန် အဖြစ်တစ်ခုခုနှင့် မခြား၍ သူ့အသက် ၆နှစ်နှင့် ၁၂နှစ် အကြား သူနှင့် တကွ သူ့မိဖ ဆွေမျိုးများပါ ဗျာများကြိုးစားကြရသည့် အရေးတစ်ခုဖြစ်သည်။ ရှင်ပြုဧည့်ခံပွဲမတိုင်မီ ကိုရင်လောင်းမှာ မင်းညီမင်းသား အဝတ်အထည်နှင့် ပိုးညွန့်ပိုးသား ဝတ်ဆင်ခြယ်သလျက် ဦးခေါင်ထက်၌လည်း သရဖူ ဥသျှောင်စွပ် ချပ်ဝပ်တန်ဆာဆင်ထားသော မြင်းဖြူကြီးကိုစီး ရွှေပွဲလာတို့ ဧည့်ခံဖို့ အတီး အမှုတ်သမားတို့ကို ငှားရမး် ဖြေဖျော် စသည်စသည် (လူ့ အရေးအရာ စည်းစိမ် ဂုဏ်ရှိန်)တို့မှာ သံဃာ သိက္ခာသီလ ယူလက္ခံ လိုက်နာလိုက်သည် နှင့်တစ်ပြိုင် မပျက်ဧကန် စွန့်လွှတ် ရန် ဖြစ်ပါတော့သည်။ ရှင်ပြုပွဲမဝင်မှီ တည်အစတွင် ကိုရင် ဝင်ရမည့် ရှင်သံဃာ အသိုင်းအဝိုင်း တို့အတွက် ဆွမ်း ချက်အရေး ပြင်ဆင်ရသည်နှင့် များလိုက်သည့် အလုပ်၊ မွန်မြတ်သည့် ဟင်းလျာတို့ဖြင့် သံဃာ ပရိသတ်ကို ထည်ထည်ဝါဝါ ကျွေးမွေး ကပ်လျှူပြီး နောက် ပထမ ယောကျာင်္း နောက်မိမ္မသား ဧည့်ဟူသမျှ တယောက်မှ မကျန်အောင် အလှူဒါန ပြုကြသည်။

ရှင်ပြု အစီအစဉ် ဆက်လက် သည်တွင် ရှင်လောင်း၏ ဦးခေါင်း ဆံပါယ်ဆံ ချဆံကျသည်နှင့် မိဖသားချင်း ဆွေရင်းမျိုး ချာတို့ကို ပိတ်ဖြူနှင့် ခံယူသည် မှာများ မကြာဘုရား တဆူဆူ မြေမြှုပ်လိုက် ကြဖို့ဖြစ်သည်။ သူက ရှင်အဖြစ် တောင်းခံသည်ကို ခွင့်ပြုလိုက်သည်နှင့် ထိခြင်းကြိး ၅ ပါးနှင့်ပြည့်စုံသော ၃ ကြိမ် ကန်တော့ခြင်းကို ပြုရသည်။ ထို့နောက် သူ့ကို သင်္ကန်းချီပေး၍ သပိတ်လွယ်နှင့် သပိတ်ကို ပုခုန်း၌ လွယ်ပေးလိုက်သူက ကျောင်းထိုင် ဆရာတော်ဖြစ် နိုင်ကောင်းပါသည်။ ယင်းရဟန်းခံ ရှင်ခံယူပွဲတွင် ဦးဆောင်သူ လည်းဖြစ်သည်။ ယခုဆိုလျှင် ရှင်သူငယ်သည် ဗုဒ္ဓ၏ တပည့်သား သံဃာအုပ်တွင် သင်္ကန်းဝတ် တစ်ပါးအဖြစ် လက္ခံလိုက်ပြီးဖြစ် သည့်အတါက် လုံးဝအပြစ်ကင်း စင်ရာလျှောက်လှမ်းရန် အသင့်ဖြစ်ပေပြီ။ ပထမဤ လမ်းကြောင်းလျှောက်ခဲ့သူက ဂေါတမဗုဒ္ဓကိုယ်တော် တိုင်ဖြစ်၍ သူ့နောက်လိုက် လျှောက်ခဲ့သူက သူ့သားအရင်း ရာဟုလာအသျှင်ဖြစ်သည်။ ရှင်ပြုပွဲ အများအပြားက ဗုဒ္ဓဝါသမယခေါ် မိုးတွင်း ၃ လ (ဇူလိုင်ဩဂုတ်နှင့် စက်တင်ဘာ) အတွင်းဖြစ်၍ ယင်းသည်လည်း တန်ခူးလ၌ ဧပြီ ဧကျ လေ့ရှိသည့် နှစ်သစ်ချိန်ခါ မြန်မာ့အတာ လလည်း ဖြစ်သည်။