ရှင်ကဝိန္ဒာဘိ (၁၁၂၆ - ၁၁၉၂) သည် “မဟာဗောဓိဆရာတော်” ဟု ထင်ရှားသည့် ကျမ်းပြုဆရာတော် တစ်ပါး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို သက္ကရာဇ် ၁၁၂၆ ခုနှစ်တွင် ဝါဆိုလဆန်း၊ ၁၂ ရက်နေ့တွင် အင်းဝမြို့တော်၊ အနောက်တောင်ယွန်း တောပြုန်းရွာတွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ မောင်မွှေးစံ - ရှင်ဝတို့ ဖြစ်ကြသည်။ ငယ်မည်မှာ မောင်ပို ဖြစ်သည်။

ငယ်စဉ်တွင် “ရှင်ကဝိန္ဒ” ဘွဲ့ဖြင့် သာမဏေဝတ်ခဲ့သည်။ အင်းဝမြို့တော် အရှေ့တောင်ထောင့် ဝမ်းဘဲအင်းတောင်ဘက် မဟာဗောဓိဘုရားအနီး ကျောက်တိုက်ရွာကျောင်းတွင် သီတင်းသုံးတော်မူသည်။

ဘိုးတော်ဘုရားလက်ထက် အသက် ၂၃ နှစ်အရွယ်တွင် မြို့တော်အရှေ့တောင်ဘက် ခံတောသိမ်တွင် မဟာဗောဓိဆရာတော်ကြီးကို ဥပစ္ဈာယ်ပြု၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ မဟာဗောဓိဆရာတော်ကြီးထံတွင်ပင် စာပေများ သင်ကြားခဲ့သည်။ အမရပူရမြို့တည် မင်းကြီးသားတော် တောင်ငူမင်းနှင့် သမီးတော် ကသာမြို့စားမင်းသမီးတို့သည် ကိုးကွယ်၍ မြို့အရှေ့ဘက် စောင်းကလောကန်တွင်း ကျောင်းတိုက်တွင် ကျောင်းဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။

ဆရာတော်သည် ကဝိန္ဒာဘိသီရိဓဇမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော် ရရှိခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၁၉၂ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာနိသျ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၅၇။