ရှင်ကဝိန္ဒ (စတုတ္ထကျော်အောင်စံထားဆရာတော်)

ရှင်ကဝိန္ဒ (၁၁၄၃ - ၁၂၁+) သည် “ကျော်အောင်စံထားဆရာတော်” ဟု ထင်ရှားသည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၄၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၅ ရက်နေ့တွင် ဗန့်ကျီတိုက်၊ ငလည်ငေါက်ရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ မောင်သူနှင့် ရှင်မြို့ ဖြစ်သည်။ ဆရာတော်၏ ငယ်မည်မှာ မောင်ရွဲ ဖြစ်သည်။

ရှင်ပြုသည့်အခါ “ရှင်ကဝိန္ဒ” ဟူသည့်ဘွဲ့ ခံယူခဲ့သည်။ ဘကြီးတော်မင်းလက်ထက် ရတနပူရအင်းဝမြို့တော်တွင် ရေကြည်မှူးမဟာမင်းလှက လေးထပ်ကျောင်းဆောက်ဆောက်လုပ်ကာ ကိုးကွယ်ခဲ့သည်။ အမရပူရမြို့သို့ ရောက်သည့်အခါ ရေကြည်မှူးကတော်က ဆက်လက်ကာ ကိုးကွယ်ခဲ့ပြီး ဆရာတော်သည် တောင်သမန်အင်းအနီး တရုတ်တန်းအရှေ့ဘက် ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် “ကဝိန္ဒာဘိဓဇမဟာဓမ္မရာဇဂုရု” တံဆိပ်တော် ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၁၃ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၇၃။