ရှင်ခေမာစာရ (၁၁၁၆ − ၁၁၉၆) သည် ရတနာပူရစတုတ္ထမြို့တည် မင်းတရားကြီး လက်ထက်တော်အခါက ထင်ရှားသည့် ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို သက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် ရွှေဘိုမြို့၊ ရှားတောရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဦးဘောဂ ဖြစ်သည်။

ရဟန်းဝတ်သည့်အခါ ဘွဲ့အမည်မှာ “ရှင်ခေမာစာရ” ဖြစ်သည်။ ဆရာတော်ကို ရတနာပူရ စတုတ္ထမြို့တည်မင်းတရားကြီးလက်ထက် ဟံသာဝတီမြို့ဝန် ဝန်ကြီးမောင်ခိုင်က ကိုးကွယ်သည်။ ဆရာတော်သည် ဝန်ကြီးနှင့်အတူ ရန်ကုန်သို့ ကြွရောက်ကာ သီတင်းသုံးတော်မူသည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၁၉၆ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် ကျမ်းများ ပြုစုခဲ့သည်ဟု ထင်ရှားမှု မရှိပေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၄၃။