ရှင်ဂုဏဓဇ (၁၁၅၃ - ၁၂၁+) သည် “ကျောင်းကြီးဆရာတော်” ဟု ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို သက္ကရာဇ် ၁၁၅၃ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်နေ့တွင် လယ်ကိုင်းမြို့တွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ မောင်နိုးနှင့် ရှင်အိုတို့ ဖြစ်သည်။ ငယ်မည်မှာ မောင်ကံပေး ဖြစ်သည်။

ရှင်သာမဏေပြုသည့်အခါ “ရှင်ကရဝိက” ဘွဲ့ကို ယူခဲ့သည်။ ရဟန်းပြုသည့်အခါ “ရှင်ဂုဏဓဇ” ဘွဲ့ကို ယူခဲ့သည်။ သာယာဝတီမင်းတရားလက်ထက် အင်းဝမြို့ အနောက်တောင်ထောင့် မဟာအောင်မြေဘုံသာကျောင်းတိုက်တွင် စလင်းသာသနာပိုင်ဆရာတော်ကြီးထံတွင် စာပေများ သင်ကြားခဲ့သည်။ ထို့နောက်တွင် ဆရာတော်သည် သူကြွယ်မောင်သူနိုး ဆောက်လုပ်သည့် ကျောင်းတွင် သီတင်းသုံးခဲ့သည်။ ပုဂံမင်းလက်ထက်တွင် အမရပူရမြို့တော်သို့ ရောက်ခဲ့၍ ရတနာဘုံကျော်ကျောင်း၌ စလင်းသာသနာပိုင်ဆရာတော်ထံ၌ပင် ပညာများ ဆက်လက်ကာ ဆည်းပူးခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၁၃ ခုနှစ်နောက်တွင်မှ ပျံလွန်တော်မူခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၂၊ ၈၃။