ရှင်ဂုဏဝါ (၁၁၉+ − ၁၂++) သည် “လုံးတော်ဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ဒီပဲယင်းမြို့တွင် ဖွားမြင်ခဲ့သည်။ မင်းတုန်းမင်းသည် ဆရာတော်အား တိုက်တော် သီးခြားဖြင့် ကိုးကွယ်ခဲ့သည်။ ဆရာတော်သည် “ဂုဏဝါဘိလင်္ကာရ သဒ္ဓမ္မဓဇမဟာဓမ္မရာဇဂုရုတံဆိပ်တော်” ရခဲ့သည်။

ဆရာတော်သည် ရတနာသိင်္ဃမြို့၊ ပလိုင်းရွာမတွင် သီတင်းသုံးတော်မူသည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။

၁။ ပကိဏ္ဏကဝိသဇ္ဇနာကျမ်း (ပ −ဒု)၊

၂။ ဩဝါဒကထာစာတမ်း။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၀၈၊ ၁၀၉။