ရှင်ဂုဏာစာရ (၁၀၈၀ − ၁၁၃*)သည် ဒုတိယကျော်အောင်စံထားဆရာတော်ဟု လူသိများကြသည့် ဆရာတော်တစ်ပါး ဖြစ်သည်။ ရတနာပုရအင်းဝမြို့ အရှေ့ဘက်တွင် ဆင်ဖြူရှင်းမင်းတရားကြီး၏ အမှုတော်ထမ်းအရွတ်ဝန် ဆောက်လုပ်ခဲ့သည့် ကြေးနီးကျောင်းတွင် သီတင်းသုံးတော် မူသည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို အင်းဝမြို့တောင်ဘက် ငစင်ရိုင်းရွာတွင် သက္ကရာဇ် ၁၀၈၀ ပြည့်နှစ်၌ ဖွားမြင်ခဲ့သည်။ ဆရာတော်သည် ကျမ်းဂန်တတ်မြောက်သည့်အပြင် ဉာဏ်မှ ထိုးထွင်းနက်နဲထက်သန်သည်။ မြန်မာစာပေ အခြေမှီငြမ်းတစ်ဆူဖြစ်သည့် ဝေါဟာရတို့၏ အနက်အဓိပ္ပာယ်များကို အကျယ်ဖွင့်ပြသည့် “ဝေါဟာရတ္ထပကာသနီကျမ်း” ကို ရေးသားခဲ့သည်။[၁]

အမည်တွင်ပုံ ပြင်ဆင်ရန်

ဟံသာဝတီရောက်မင်းဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်းရံတစ်ရာရှိ ကျော်အောင်စံထားအမည်ရှိသည့် ကျောင်းတော် ရှိ၏။ ထိုကျောင်းတော်တွင် မာဂဓအဘိဓာန်ကို ပြန်ဆိုခဲ့သည့် ပထမကျောင်းထိုင်ဆရာတော် ရှင်ဉာဏဝရသည် ပျံလွန်တော်မူခဲ့သည်။ ထိုအခါ ဆရာတော်သည် ထိုကျောင်းသို့ ပြောင်းကာ သီတင်းသုံးခဲ့ရာမှ “ဒုတိယကျော်အောင်စံထားဆရာတော်” ဟု အမည်တွင်ခဲ့သည်။ (တတိယ၊ စတုတ္ထကျော်အောင်စံထားဆရာတော်များလည်း ရှိသေးသည်။) [၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

၁။ မာဂဓအဘိဓာန်ဋီကာ နိသျဟောင်း (၁၁၄၀)၊

၂။ ဂုတ္တောဒယ ဆန်းနိသျနံကျယ် (၁၁၅၁)၊

၃။ ဝေါဟာရတ္ထပကာသနီကျမ်း (၁၁၃၁)၊

၄။ ဝံသဒီပနီ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၅၊ ၂၆။