ရှင်ဂုဏာစာရ (ပထမရွှေတောင်ဆရာတော်)

ရှင်ဂုဏာစာရ (၁၀၉၂ − ၁၁၇၂) သည် အမရပူရမြို့တည် မင်းတရားကြီး၏ သားတော် ပြည်မြို့စား ကိုးကွယ်ခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို သက္ကရာဇ် ၁၀၉၂ ခုနှစ်တွင် ရွှေတောင်မြို့၊ ရွှေနတ်တောင် မင်းရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဦးရွဲ ဖြစ်သည်။

အသက် ၁၃ နှစ်အရွယ်တွင် သာမဏေ ဝတ်ခဲ့သည်။ အရွယ်ရောက်သည့်အခါ ရဟန်းဘောင်သို့ ဝင်ခဲ့သည်။ ရဟန်းဘွဲ့မှာ “ရှင်ဂုဏာစာရ” ဖြစ်သည်။

ပြည်မြို့စားသည် ကိုးကွယ်၍ မြို့တော် အရှေ့တောင်ယွန်း ရွှေတောင်တိုက်တွင် ကျောင်းဆောက်ကာ တုလွတ်ဘုံစံသမိုက်လှူဒါန်းသည်။ ဂုဏမုနိန္ဒာလင်္ကာရသဒ္ဓမ္မမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်[မှတ်စု ၁] ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၁၇၂ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်ပြုစုခဲ့သည့် ကျမ်းများမှာ အောက်ပါတို့ ဖြစ်ကြသည်။

၁။ စတုက္ကနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊

၂။ ပဉ္စကနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊

၃။ ဝီထိလက်ရိုး၊

၄။ သမ္မောဟဝိနောဒနီအဋ္ဌကထာနိသျ၊

၅။ သုဗောဓာလင်္ကာရနိသျ။

မှတ်စု ပြင်ဆင်ရန်

  1. ပိဋကတ်သမိုင်းတွင် ဂုဏာဘိပရမ မဟာဓမ္မရာဇာဓိရာဇဂုရုဟူ၍ ပြသည်။ သာသနာလင်္ကာရ ၁၉၇ တွင် ကဝိန္ဒာဘိ သဒ္ဓမ္မပဝရမဟာဓမ္မရာဇာဂုရုဟူ၍ ပြသည်။ ပြည်ဆရာတော်ဟုလည်း ထင်ရှားသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၃၂၊ ၃၃။