ရှင်ဂုဏာလင်္ကာရ (၁၀၈၆ − ၁၁၃၇) သည် အလောင်းမင်းတရား၏ သားတော် ပဒုံမြို့စား ကိုးကွယ်တော်မူသည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၀၈၅ ခုနှစ်တွင် တောင်သာမြို့စီရင်စု ပဲခင်းကျော်ရွာတွင် ဖွားမြင်ခဲ့သည်။ ပဒုံမြို့စားသည် ဝေယန်ဘုံကျော်ကျောင်းတော်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

ရတနပူရမြို့သို့ရောက်သည့်အခါ မဟာမြတ်မုနိစေတီတော်တောင်ဘက် ဝိနည်းဓိုရ်ပဒုံကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် သဒ္ဒတ္ထိဘေဒစိန္တာစာကိုယ်နိသျကို ပြုစုရေးသားခဲ့သည်။ ထိုနိသျကို “ပဲခင်းကျော်နိသျ” ဟု ခေါ်တွင်သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၁၃၇ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၇၊ ၂၈။