ရှင်စက္ကပါလ (၁၂၃၉ − ၁၃၁၅) သည် “တောင်ပေါက်ဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၂၃၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ်၊ မြင်ကွန်းမြို့၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ဘခင် ဖြစ်သည်။ မိဘနှစ်ပါးမှာ စစ်ကဲတော်မင်းဦးယောနှင့် ဒေါ်သက်တို့ ဖြစ်သည်။

ငယ်စဉ်အခါက မြို့လုလင် ခင်ကြီးဦးထိန်သီးထံမှစ၍ သင်္ဂဇာဆရတော်၊ ဝဇီရာရာမဆရာတော်တို့ထံတွင် ပညာဆည်းပူးခဲ့သသည်။ အရွယ်ရောက်သည့်အခါ “ရှင်စက္ကပါလ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြခဲ့သည်။

ဆရာတော်သည် စစ်ကိုင်းမြို့ ရတနာဘုမ္မိချောင်၌လည်းကောင်း၊ မန္တလေးမြို့ မဟာဝေယန်ဘုံသာကျောင်းတိုက်၌လည်းကောင်း သီတင်းသုံးခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့၊ တောင်ပေါက်ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် ဗြိတိသျှအစိုးရလက်ထက်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ရခဲ့သည်။ ပထမပြန်ပါဠိပညာရေး နာယကဆရာတော်များအဖွဲ့ ဥက္ကဋ္ဌ၊ ဝိနိစ္ဆယဋ္ဌာန၊ ဝိနည်းဓိုရ်ဆရာတော်၊ ဆဋ္ဌမသင်္ဂါယနာဩဝါဒစရိယသံဃနာယကစသည်ဖြင့် ချီးမြှောက်ပူဇော်ခြင်း ခံခဲ့ရသည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၃၁၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။ [မှတ်စု ၁]

၁။ သင်္ခတဘာသာ၊

၂။ ဆန္ဒောမဉ္စရီ၊

၃။ ရူပဇ္ဇမဓုနိသျ၊

၄။ အနိရုဒ္ဓနိသျ (သင်္ခတဘာသာ)၊

၅။ ဒိဋ္ဌန္တဂတကနိသျ၊

၇။ သဒ္ဓမ္မဝါကျောပဒေသနိသျ၊

၈။ နာဋီပရိက္ခာနိသျ၊

၉။ ရသဝါဟိနီဂါထာများနိသျ၊

၁၀။ ကာဗျဒသနိသျ၊

၁၁။ သီဟဠဘာသာသဒ္ဒါ၊

၁၂။ ဗောဒ္ဓဂတကနိသျ၊

၁၃။ ဗာလာဝတာရချနက်နိသျ၊

၁၄။ ဗာလာဝတာရဂဏ္ဌိပဒတ္ထဝိနိစ္ဆယသာရ၊

၁၅။ နမပဒမာလာ အချာတပဒမာလာ၊

၁၆။ ကစ္စာယနဓာတုမဉ္ဇူသာနိသျ၊

၁၇။ သဒ္ဒသာရတ္ထဇာလိနီနိသျ၊

၁၈။ ဂန္ထာဘရဏနိသျ၊

၁၉။ ဝိဘတ္တိမာလာနိသျ၊

၂၀။ ဗာလပ္ပဗောဓနနိသျ၊

၂၁။ ပဒသာဓနပဇ္ဇယောဇနိကနိသျ၊

၂၂။ ဝတာရဏနိသျ၊

၂၃။ အလင်္ကာနိသျ၊

၂၄။ ခုဒ္ဒသိက္ခာနိသျ၊

၂၅။ သင်္ဂြိုဟ်နိသျ၊

၂၆။ အဘိဓမ္မာဝတာရအဋ္ဌကထာနိသျ၊

၂၇။ ယင်းဋီကာအဘိဓမ္မတ္ထဝိကသိနီနိသျ၊

၂၈။ အဘိနပ္ပဒီပိကာနိသျ၊

၂၉။ မောဟဝိစ္ဆောဒနီကထာ၊

၃၀။ ဗုဒ္ဓဗောဓဗျာကရဏနိသျ၊

၃၁။ ဝိဒဂ်နနိသျ၊

၃၂။ အမရကောသနိသျ၊

၃၃။ ဟိတောပဒေသနိသျ၊

၃၄။ တြိဘာသာရတနကရနိသျ၊

၃၅။ ဒဠီကမ္မဝိနိစ္ဆယ၊

၃၆။ ဇာတကစန္ဒိကာနိသျ၊

၃၇။ ဗုဒ္ဓဘာသာ သာသနိက ပထဝီဝင်ကျမ်း၊

၃၈။ ဝုတ္တောဒယဆန်းနိသျ၊

၃၉။ သက္ကစ္စခဏ္ဍနိသျ၊

၄၀။ စုဒ္ဓစာဏကျနိသျ၊

၄၁။ ဗုဒ္ဓဂဒျနိသျ၊

၄၂။ နာမာဋိကနိသျ၊

၄၃။ နလောဒယကာဗျနိသျ၊

၄၄။ ဝုတ္တောဒယဂဏ္ဌိပဒတ္ထဝိနိစ္ဆယ၊

၄၅။ နရောပကာရကျမ်း၊

၄၆။ ဝုတ္တိမောဂ္ဂလာန်နိသျ၊

၄၇။ မဟာဗောဓိဝံသအဋ္ဌကထာနိသျ၊

၄၈။ ဗာလာဝဗောဓနဗျာကရဏနိသျ၊

၄၉။ ပါကတပကာသဗျာကရဏနိသျ၊

၅၀။ ပါကတပိင်္ဂလဆန်း၊

၅၁။ ဒေသီသဒ္ဒသင်္ဂဟကောသအဘိဓာန်နိသျ၊

၅၂။ မဟာမြတ်မုနိဦယျာဉ်တော်ဒါနဂါထာပါဌ်နိသျ၊

၅၃။ ဗျဉ္ဇနဗုဒ္ဓိဝိနိစ္ဆယ၊

၅၄။ အာရက္ခနှင့်ပဗ္ဗာဇနိယကမ္မဝါစာနိသျ၊

၅၅။ ထူလဒသာနှင့်အန္တဒသာ။[၁]

မှတ်စု ပြင်ဆင်ရန်

  1. ၁ မှ ၁၀ အထိကို မန္တလေး၌ သီတင်းသုံးစဉ် ရေးခဲ့သည်။ အချို့ကျမ်းများကို သီဟိုဠ်ကျွန်းတွင် သီတင်းသုံးစဉ် ရေးခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၅၆၊ ၁၅၇၊ ၁၅၈။