ရှင်စန္ဒ (၁၁၂၇ - ၁၁၉၄) သည် “ဒုတိယဂူကြီးဆရာတော်” ဟု လူသိများသည့် ဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၂၇ ခုနှစ်တွင် ရွာသစ်ကြီး၌ ဖွားမြင်ခဲ့သည်။ ရတနပုရစတုတ္ထမြို့တည် မင်းတရားကြီးလက်ထက် ပုဏ္ဏားသူဌေးက မြို့ကြီးတောင်မျက်နှာ ကင်ပွန်းချုံအရပ်တွင် ကျောင်းဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။

ဆရာတော်သည် ဉာဏာဘိပရမဝံသမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ကို ရယူခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

၁၁၉၄ ခုနှစ်တွင် အင်းဝမြို့တော်၌ ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၅၈။