ရှင်ဇယန္တ (၁၂၀၉ - ၁၂၇၄) သည် “မိုးနံကုန်းဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၂၀၉ ခုနှစ်တွင် ရမည်းသင်းမြို့၊ ရွှေဒါးဘူတာအနောက်ပေတောကုန်းရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဦးမှုန် ဖြစ်သည်။ မိဘနှစ်ပါးမှာ အဘဦး+ - ဒေါ်ဘုံကြီး ဖြစ်သည်။

ငယ်စဉ်က ပေတောကုန်းကျောင်းတိုက် ရှင်ဉာဏထံတွင် ပညာသင်ကြား၍ အရွယ်ရောက်သည့်အခါ သာမဏေပြုခဲ့သည်။ ထို့နောက်တွင် မန္တလေးမြို့ တောင်ပြင်ဘုရားကြီးကျောင်းတိုက် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ ထို့နောက်တွင် စလင်းဆရာတော် ရှင်ကေတုထံ၌လည်း ပညာဆည်းပူးခဲ့သည်။

မင်းတုန်းမင်းသည် “ပထမစာချတန်းဂုဏ်ထူးဘွဲ့” ဆပ်ကပ်တော်မူခဲ့သည်။ ဆရာတော်အား စကြဒေဝီမိဖုရားကြီးက ကိုးကွယ်တော်မူခဲ့သည်။

သီပေါမင်းလက်ထက်တွင် ပေတာကုန်းကျောင်းတိုက်သို့ ပြန်ကြွ၍ ပျော်ရွာ၊ ပိတောက်ကုန်းရွာများ၌ သီတင်းသုံးတော်မူခဲ့သည်။

တောင်ခွင်သာသနာပိုင်ဆရာတော်က ရန်အောင်ဂိုဏ်းအုပ်ဆရာတော်အဖြစ် ခန့်အပ်တော်မူခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၇၄ ခုနှစ်၊ တပေါင်လဆန်း ၈ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကျမ်းများပြုစုခြင်း ပြင်ဆင်ရန်

ဆရာတော်သည် မိုးနံကုန်းအဆုံးအဖြတ် စသည့်ကျမ်းများကို ရေးသားပြုစုခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၇၅။